Connect with us

Videos

တရုတ်နိုင်ငံက ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးဆွေနွေးမှုအပေါ် ထောက်ခံပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများကို ရှေ့တိုးလုပ်ဆောင်နိုင်ရန် အခက်အခဲများကို ကျော်လွှားရာ၌ အစွမ်းကုန်အားထုတ်သင့်ကြောင်းနှင့် တရုတ်နိုင်ငံက ယူကရိန်းတွင် အကျပ်အတည်းများ တည်ငြိမ်အေးချမ်းစွာ အဆုံးသတ်နိုင်စေရေး အထောက်အကူဖြစ်စေမည့် ကြိုးပမ်းအားထုတ်မှုများအားလုံးကို အားပေးထောက်ခံပါကြောင်း မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင်ကျင်းပခဲ့သည့် နှစ်ပတ်လည် ဥပဒေပြုရေးညီလာခံအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လီက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံး နှင့်အတူ လက်တွဲကာ ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းသော အခြေကျမှု ရရှိစေမည့် ကြိုးပမ်းဆောင်ရွက်မှုများအားလုံး ပံ့ပိုးခြင်းနှင့် အားပေးထောက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၏ လတ်တလောအခြေအနေများမှာ “မတိုးသာ မဆုတ်သာအခြေအနေ” ဖြစ်ကြောင်း လီက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပြီး တင်းမာမှုများအား ပိုမို တိုးပွားမလာစေရန်နှင့် အတားအဆီးမဲ့မဖြစ်စေရန် လက်ရှိအချိန်တွင် တွန်းအားပေးလုပ်ဆောင်ရမည်ဟု ဆိုသည်။

တရုတ်နိုင်ငံက ယူကရိန်းနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှူဆိုင်ရာ ကြီးမားသည့် အကျပ်အတည်းကြီးတစ်ခုကို မတွေ့ကြုံစေရေးတားဆီးရန်နှင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း လီကဆိုသည်။

တရုတ်နိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ရှေ့ဆက်ဆောင်ရွက်နေပြီး ယူကရိန်းနိုင်ငံကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သည့်အပြင် ဆက်လက်ပြီးလည်း ကူညီဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

သက်ဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများသည် ကမ္ဘာ့စီးပွားရေးနာလန်ထူမှုအပေါ် ထိခိုက်မှုရှိလာစေမည်ဟုလည်း လီက ဆက်လက်ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)
———————————-

GLOBALink | China calls for supporting Russia-Ukraine ceasefire talks, offers humanitarian aid
BEIJING, March 11 (Xinhua) — Chinese Premier Li Keqiang said on Friday that utmost efforts should be made to support Russia and Ukraine in overcoming difficulties to carry forward ceasefire negotiations, and China supports and encourages all efforts that are conducive to a peaceful settlement of the crisis in Ukraine.
Speaking at a press conference held after China’s annual legislative session, Li said China is willing to work with the international community to play a positive role for the early return of peace in Ukraine.
Calling the current situation in Ukraine “disconcerting,” Li said the pressing task now is to prevent tension from escalating or even getting out of control.
China calls for exercising utmost restraint and preventing a massive humanitarian crisis in Ukraine, Li said.
China has put forward an initiative on the humanitarian situation there and has provided Ukraine with humanitarian assistance, and China will continue to do so, he added.
Li also said that relevant sanctions will hurt the world economic recovery.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.