Connect with us

Videos

တရုတ်နိုင်ငံက စီးပွားဖြစ်သုံး သံလိုက်ရထား မျိုးဆက်သစ် ကို ထုတ်ဖော်ပြသ

ချန်ရှား၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ မီးရထားစက်ခေါင်းထုတ်လုပ်ရေးကုမ္ပဏီ CRRC Zhuzhou Locomotive Co., Ltd က စီးပွားဖြစ်သုံး သံလိုက်ရထား မျိုးဆက်သစ်ကို စမ်းသပ်မောင်းနှင်မှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ဒီဇိုင်းထုတ်လုပ်ထားသော အဆိုပါ ရထားတွင် မောင်းသူမဲ့စနစ်၊ ထိတွေ့မှုမဲ့သည့် လျှပ်စစ်အားသွင်းခြင်းစသည့်နည်းပညာများအပါအဝင် နောက်ဆုံးပေါ် နည်းပညာများစွာ ထည့်သွင်းထားကြောင်း CRRC Zhuzhou သံလိုက်ရထားစက်ခေါင်းများ သုတေသနဌာနမှ ဒုတိယ အကြီးအကဲဖြစ်သူ Zhang Wenyue က ဆိုသည်။

ယင်းရထားကို မြို့ချင်းဆက်ရထားလမ်းများနှင့် မြို့ပတ်ရထားလမ်းများတွင် ကီလိုမီတာ ၅၀ မှ ၂၀၀ ကြား ပြေးဆွဲနိုင်ရန် လျာထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အလိုအလျောက်မောင်းနှင်နိုင်သည့် စနစ် နှင့် 5G ကွန်ရက် မီလီမီတာ လှိုင်းနှုန်းအထိဆက်သွယ် ချိတ်ဆက်နိုင်သည့် စနစ်များကိုထည့်သွင်းထားသည့် အဆိုပါရထားကို မြေပြင်မှ ထိန်းချုပ်မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။ အချိန်နှင့်တစ်ပြေးညီ အချက်အလက်များ ရရှိစေရန် Real-time data စနစ်ဖြင့် ရထား၏ လုံခြုံရေးတွင်အခက်အခဲမရှိစေရန်ဆောင်ရွက်ထားသည်။

အစောပိုင်း ထုတ်ထားသည့် စီးပွားဖြစ်သုံးသံလိုက်ရထား မျိုးဆက်များနှင့်နှိုင်းယှဉ်ပါက ယခုထွက်ရှိလာသည့် မျိုးဆက်သစ် သံလိုက်ရထားသည် ရထားသံလမ်း၌ သံလိုက်ဆွဲအား၊ ကုန်းအမြင့်များကို တက်ရောက်နိုင်မှုစွမ်းရည် နှင့် အရှိန်နှုန်းတို့ ပိုမိုသိသာစွာကောင်းမွန်လာ ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

………………………
(English Version)
GLOBALink | Chinese manufacturer unveils new generation of commercial maglev train
CHANGSHA, March 10 (Xinhua) — Chinese manufacturer CRRC Zhuzhou Locomotive Co., Ltd. said Thursday that tests have been completed for its next generation of commercial maglev train.
The train, with a designed speed of 200 km per hour, has achieved multiple tech breakthroughs such as unmanned driving and non-contact power supply, said Zhang Wenyue, deputy head of CRRC Zhuzhou Locomotive’s maglev research institute.
It is expected to be applied to intercity and urban lines of 50 km to 200 km, he added.
Equipped with autonomous driving and 5G millimeter-wave communication, the train is operated by a ground control system. Real-time data are gathered for troubleshooting to ensure its safety.
Compared with the previous generations of commercial maglev trains, the new model shows significantly improved traction efficiency, hill-climbing ability, and acceleration performance, according to the company.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.