ဝေ့ဖန်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝေ့ဖန်တွင် နိုင်ငံတကာ စွန်အလှပြိုင်ပွဲကျင်းပလျက်ရှိရာ ကောင်းကင်တွင် စွန်ပေါင်း ၁ဝဝဝကျော်လွှတ်တင်ခဲ့ပြီး လာရောက်လေ့လာလည်ပတ်သူများပြားခဲ့သည့်မြင်ကွင်းအပြည့်အစုံ တိုက်ရိုက်ထုတ်လွှင့်မှုကို အောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ပေကျင်း၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်ရေးသားခဲ့သောစာအုပ်မှတ်တစ်ဆင့်တရုတ်နိုင်ငံ အကြောင်းကို တစ်ကမ္ဘာလုံးက သိရှိနားလည်ခဲ့ကြသည်။ ထိုစာအုပ်ကို ပထမဆုံးအကြိမ်အဖြစ် ဘာသာစကားပေါင်း ၂၄ မျိုးဖြင့်ရေးသားထုတ်ဝေခဲ့ရာ လူအများအထူးစိတ်ဝင်တစားအားပေးဖတ်ရှုခဲ့ကြသည်။ ဒုတိယအကြိမ်အဖြစ်တစ်ကမ္ဘာလုံးသို့ဖြန့်ချိရန်ထုတ်ဝေရာတွင် ၁၃ မီလီယံကျော်ထုတ်ဝေဖြန့်ချိခဲ့ရသည်။ သမ္မတရှီကျင့်ဖိန်၏ စာအုပ်အားဖတ်ရှှုသူများက စိတ်ဝင်စားရသည့်အကြောင်းရင်းများကို အောက်ပါ video ထဲတွင်မြင်တွေ့နိုင်ပါသည်။(Xinhua)
အန်ဟွေး၊ ဧပြီ ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအန်းဟွေးပြည်နယ် ဝူဝေးမြို့တွင် ဗို့အားမြင့်မဟာဓါတ်အားလိုင်းကြီးကို တည်ဆောက် ပြီးစီးပြီဖြစ်သည်။ ယန်စီမြစ်ပေါ်တွင်ဖြတ်သန်းသွယ်တန်းထားသော ထို ဓါတ်အားလိုင်း များမှာ ၃၃၂၄ ကီလိုမီတာရှည်လျားပြီး တရုတ်နိုင်ငံအရှေ့ပိုင်းအန်ဟွေးပြည်နယ်နှင့် အနောက်မြောက်ပိုင်း ရှန်းကျန့်ပြည်နယ်တို့ကို ချိတ်ဆက်သွယ်တန်းထားသည်။
ရှန်ဟိုင်း၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းတွင် ပထမဆုံး လူဆောင်ရွက်မှုမလိုသောဘဏ်ကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ဘဏ်မန်နေဂျာမှာလည်းစက်ရုပ်တစ်ရုပ်သာဖြစ်ပြီး လာရောက်သူများနှင့် ဆက်သွယ်ပြောဆိုနိုင်ကာ ဝန်ဆောင်မှုလည်းပေးနိုင်အောင်နှင့် တိုင်ပင်ဆွေးနွေးနိုင်အောင်စီစဉ်ထားရှိသည်။ ပုံမှန်ဘဏ်များ၏ ဝန်ဆောင်မှု ၉ဝ ရာခိုင်နှုန်းခန့်ကို အဆိုပါဘဏ်ကဆောင်ရွက်ပေးနိုင်ကြောင်းသိရသည်။ နောက်ပိုင်းတွင် အကောင့်လွှဲပြောင်းခြင်းနှင့် ငွေထုတ်ယူခြင်းအပြင် အခြားဝန်ဆောင်မှုများကို ပါဆောင်ရွက်ပေးနိုင်မည့် ဘဏ်တစ်ခုအဖြစ် စမ်းသပ်လျက်ရှိကြောင်း သိရသည်။(Xinhua)
ကွမ်ရှီး၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီးပြည်နယ်တွင် တရုတ်တပ်မတော်သားများကအချိန်တစ်ပါတ်ကြာ လေ့ကျင့်ရေးကာလအတွင်း စစ်ရေးလေ့ကျင့်မှုများကိုပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြသည်။ စစ်ရေးလေ့ကျင့်မှုများထဲတွင် မြေမြှုပ်မိုင်းအမြန်ရှင်းလင်းခြင်း၊ သေနတ်ပစ်ကျွမ်းကျင်မှုလေ့ကျင့်ခြင်း၊ တောင်တန်းများပေါ်တွင် ၃ဝကီလိုမီတာ အကွာအဝေးခန့် ခြေလျင်လျှောက်ခြင်းတို့လည်းပါဝင်ခဲ့သည်။ “အခု တစ်ပါတ်ကြာလေ့ကျင့်ရေးအစီအစဉ်များက ကျွန်တော်တို့ရဲ့စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်မှုအခြေနေကို စစ်ဆေးတာဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းလုပ်ရင်းနဲ့ကျွန်တော်တို့ရဲ့ အားနည်းချက် တွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာကျွန်တော်တို့ကြုံတွေ့လာမယ့်...
ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ခ်ဘဇား နှင့် ဒါကာသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား ယနေ့ဧပြီ ၁၉ ရက်တွင်...
ချုံကျင်း၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံကျင်းပြည်နယ်တွင်ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အလုပ်သမားပေါင်း ၆ဝဝကျော်ဖြင့် အချိန် ၁ပတ် အတွင်း ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။ ခရီးသွားများအနှောင့်အယှက်မဖြစ်စေရန် ညသန်းခေါင်အချိန်မှ မနက် ၄နာရီခွဲခန့်အထိသာ ဆောင်ရွက်ရသောကြောင့် အဖွဲ့ ၃ဖွဲ့ခွဲကာ ရထားလမ်းကို အပိုင်း ၄ပိုင်းပိုင်းပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ အပိုင်းတစ်ပိုင်းစီရှိ ရထားလမ်းများ၏ အလေးချိန်မှာ...
ထျန်းကျင်း၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းကုန်သေတ္တာဆိပ်ကမ်းတွင် မောင်းသူမဲ့လျှပ်စစ်ထရပ်ကားများကို စမ်းသပ်အသုံးပြုလျက်ရှိကြောင်းသိရသည်။ တရုတ်နိုင်ငံအတွင်းတပ်ဆင်ထုတ်လုပ်သည့် အဆိုပါမောင်းသူမဲ့ထရပ်ကားများကို ကုန်စည်အပြည့်တင်ဆောင်ထားပါက ၁၂ဝ ကီလိုမီတာ အထိသွားလာနိုင်သည်။ ထိုကားများတွင် လေဆာရေဒါ၊ HD ကင်မရာများနှင့် ကမ္ဘာ့အဆင့်မီအလိုအလျောက်မောင်းစနစ်တို့ကိုထည့်သွင်းတပ်ဆင် ထားပြီး အချိန် ၁နာရီအတွင်း အားပြန်သွင်းနိုင်မည်ဟုသိရသည်။ ထရပ်ကားများမှာ ရာသီဥတုဆိုးဝါးသည့်အချိန်၌ပင်...