Connect with us

Media

သောင်တင်နေသောဝေလငါး ၉ ကောင်ကို ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့

တိုင်ကျိုး၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ကမ်းရိုးတန်းတွင် သောင်တင်နေသော ဝေလငါး ၉ ကောင်ကို အချိန် ၁၀ နာရီ ကြာ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရ ကြောင်းသိရသည်။ ထိုအထဲမှဝေလငါး ၄ ကောင်ကို Taizhou Ocean World နှင့် အနီးရှိ Baisha Bay Park သို့ပို့ဆောင်ပေးခဲ့သည်။ ကျန် ၅ ကောင်ကို ဒေသတွင်း ကုမ္ပဏီတစ်ခု၏ မွေးမြူရေးကန်အတွင်းသို့ လွှတ်ပေးခဲ့သည်။ Linhai မြို့ ကမ်းခြေမှ မီတာရာပေါင်းများစွာအကွာတွင် ဝေလငါး ၁၂ ကောင် သောင်တင်နေကြောင်း ဒေသခံရဲများထံက သတင်းပေးပို့မှုရရှိခဲ့သည်။ ထိုအထဲတွင် ဝေလငါး ၃ ကောင်မှာကယ်ဆယ်ရေးများရောက်မလာမီ သေဆုံးသွားခဲ့သည်။ အဆိုပါ ဝေလငါးများသည် ရေကျချိန်တွင် ကုန်းပေါ်၌ သောင်တင်နေခဲ့ခြင်းဖြစ်ဖွယ်ရာ ရှိကြောင်းသိရသည်။ (Xinhua)
————————————
(English Version)
GLOBALink | Rescue of stranded whales concludes in east China’s Zhejiang
TAIZHOU, July 7 (Xinhua) — After nearly 10 hours of rescue work, nine whales stranded in coastal waters off east China’s Zhejiang Province have been saved and transported to safe locations, local authorities said on Tuesday.

Produced by Xinhua Global Service