ပေကျင်း၊ ဇွန်၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းတွင် ခေတ်မီတိုးတက်သည့် အနာဂတ်မြို့တော် Future City စီမံကိန်းကို အစိုးရက အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည်။ ၎င်းမှာ ပေကျင်းမြို့မှ အနောက်မြောက်ဘက် ကီလိုမီတာ ၁ဝဝ ခန့်တွင်တည်ရှိပြီး Xiongan မြို့သစ်ဟုအမည်တွင်သည်။ ၎င်းမြို့သစ်တွင် လူ့စွမ်းအားအရင်းအမြစ်ကို ချွေတာသည့်အနေဖြင့် စတိုးဆိုင်များတွင်ဝန်ထမ်းများကို ခန့်ထားခြင်းမရှိဘဲ အွန်လိုင်းစနစ်ကိုအသုံးပြုကာ ဝင်ရောက်ဝယ်ယူနိုင်အောင်ပြုလုပ်ထားသည့်အပြင်...
ဂွာတီမာလာစီးတီး ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဂွာတီမာလာနိုင်ငံ မြို့တော်အနီး၌ ဖြစ်ပွားခဲ့သော မီးတောင်ပေါက်ကွဲမှုတွင် သေဆုံးသူ ဦးရေ ၆၅ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဇွန် ၅ ရက်တွင် ထုတ်ပြန်သည့်သတင်းများအရ သိရသည်။(Xinhua)
တူနီးရှား ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဇွန်လ ၃ရက်က Kerkennah ကျွန်းစုအနီး ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသော သင်္ဘောတစ်စီးတိမ်းမှောက်မှုကြောင့် သေဆုံးသူဦးရေ ၅၈ ဦး အထိ တိုးမြင့်လာပြီ ဖြစ်ကြောင်း၊ သေဆုံးသူများအနက် ၃၁ ဦးမှာ တူနီးရှားနိုင်ငံသားများဖြစ်ကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက...
ချင်းသောင်၊ ဇွန် ၅ ရက်(ဆင်ဟွာ) ၁၈ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO ကို တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းသောင်တွင် ဇွန်လ ၉ ရက်နေ့ နှင့် ၁ဝ ရက်နေ့တို့၌ကျင်းပတော့မည်ဖြစ်သည်။ တရုတ်နိုင်ငံက ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အတွင်း SCO အဖွဲ့ဝင်နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၅ ဘီလီယံနီးပါးခန့်ပြုလုပ်ခဲ့သည်။
ဂွာတီမာလာ၊ဇွန် ၄ ရက်(ဆင်ဟွာ) ဂွာတီမာလာနိုင်ငံ မြို့တော်အနီးတွင် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် မီးတောင်ပြင်းထန်စွာ လှုပ်ရှားမှုဖြစ်ပွားရာ လူပေါင်း ၂၅ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရသည်။ ထိုမီးတောင်လှုပ်ရှားမှုမှာ ယခုနှစ် အတွင်း စံချိန်တင်လောက်သည် အထိ ပြင်းထန်စွာလှုပ်ရှားခြင်းဖြစ်ကြောင်း သတင်းပေးပို့မှုများအရသိရသည်။ ထိုမီးတောင်လှုပ်ရှားမှုကြောင့် လူပေါင်း ၃ထောင်ကျော် နေရာရွှေ့ပြောင်းခဲ့ရပြီး စုစုပေါင်း လူ...
ရှန်တုံ၊ ဇွန် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်တုံပြည်နယ် တိုင်အန်မြို့တွင် ကွန်ဖူးအစွမ်းပြပွဲတစ်ရပ်ကို ပြသခဲ့သည်။ အဆိုပါ ကွန်ဖူးပြပွဲတွင် ထူးဆန်းအံ့ဖွယ် စတန့်များကိုကွန်ဖူးအစွမ်းဖြင့် ပြသခဲ့ကြသည်။ စတီးချောင်းကို ခေါင်းဖြင့်ရိုက်ကာ အပိုင်းပိုင်း ချိုးပြခြင်း နှင့် လူများပေါ်တွင် တင်ထားသောအုတ်ချပ်များကို တူဖြင့်ထုရိုက်ပြခြင်းစသည့် စတန့်များဖြင့် ပရိသတ်များ ၏ စိတ်ပါဝင်စားမှုကိုရယူနိုင်ခဲ့သည်။...
ရှန်ဟိုင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းတွင် အစားအသောက်များမှာယူပါက မောင်းသူမဲ့ယာဉ်ပျံ drone များနှင့်ပို့ဆောင် ပေးသည့်ဝန်ဆောင်မှုကို စတင်စမ်းသပ်လျက်ရှိသည်။ ရှန်ဟိုင်းမြို့အတွင်း drone များသွားလာနိုင်မည့် လမ်းကြောင်း ၇ နေရာ ကို သတ်မှတ်ပေးထားပြီး ထိုလမ်းကြောင်းများအတိုင်းပို့ဆောင်ခွင့်ပြုထားသည်။ ၎င်းတို့မှာ တရုတ်နိုင်ငံ၏ ပထမဆုံး စားစရာပို့ဆောင်ပေးသည့် drone...
ရန်ကုန် ၊ ဇွန် ၄ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ရန်ကုန် ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို ဇွန်လ ၃ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှု စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး...