Connect with us

Media

ပါကစ္စတန်တွင် ပထမဆုံးနိုင်ငံခြားနျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံဖွင့်လှစ်

အစ္စလမ်မာဘတ်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (K2) ဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် သောကြာနေ့က ကျင်းပခဲ့သည်။

K2 နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံသည် တရုတ်ပြည်တွင်းထုတ် တတိယမျိုးဆက် ဓါတ်ပေါင်းဖို Hualong One ကို အသုံးပြုလည်ပတ်မည့် ပါကစ္စတန်နိုင်ငံအတွက် ပထမဆုံး နိုင်ငံခြား နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်သည်။ Hualong One ဓါတ်ပေါင်းဖိုသည် ကမ္ဘာပေါ်တွင် အတင်းကြပ်ဆုံး လုံခြုံရေးစည်းမျဉ်းစည်းကမ်းစံသတ်မှတ်ချက်များ နှင့်ပြည့်မီပြီး သက်တမ်းအားဖြင့် နှစ် ၆၀ အထိ အသုံးပြုနိုင်အောင်ဒီဇိုင်းဆွဲထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။

ကရာချိ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (K2) ဖွင့်ပွဲ အခမ်းအနားတွင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း က ပါကစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ ချစ်ကြည်ရေးမှာ ပိုမို နက်ရှိုင်းခိုင်မာလျက်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့် မြောက်ပြီဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေးသည် ပိုမိုခိုင်မာသထက်ခိုင်မာလာကြောင်း ၊ ပြည်သူအချင်းချင်း လည်း အချိန်ကြာလာသည်နှင့်အမျှ နက်ရှိုင်းစွာ ရင်းနှီးချစ်ကြည်မှု ရှိနေပြီဖြစ်ကြောင်းဆိုသည်။တရုတ် – ပါကစ္စတန်စီးပွားရေးစင်္ကြံသည် စိုက်ပျိုးရေးနှင့်စက်မှုဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်မှုအလားအလာသစ်ကိုဖွင့်လှစ် နိုင်မည်ဖြစ်ကာ ပါကစ္စတန်နိုင်ငံတွင် စွမ်းအင်ဖြည့်တင်းမှု နှင့် အခြေခံအဆောက်အဦများ ကောင်းမွန်စွာတိုးတက်မှုရှိအောင် တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ခန်းကဆိုသည်။ ပါကစ္စတန်နိုင်ငံအနေဖြင့် သန့်စင်သည့်စွမ်းအင်အလွန်လိုအပ်လျက်ရှိရာ ယခု K2 နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံသည် နိုင်ငံ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရာ ရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံမှ နည်းပညာများတင် လွှဲပြောင်းရယူနိုင်မည်မဟုတ်ဘဲ ပြည်သူများအနေဖြင့် နိုင်ငံအတွက်လို အပ်သည့် နည်းပညာများလည်းရရှိလာနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)
………………………
GLOBALink | First foreign nuclear power unit using Hualong One inaugurated in Pakistan

ISLAMABAD, May 22 (Xinhua)

Pakistani Prime Minister Imran Khan said on Friday that the cordial relations between Pakistan and China are growing deeper and stronger day by day.

Speaking virtually at the inauguration ceremony of the Karachi Nuclear Power Plant Unit-2 (K-2), Khan said that Friday marks the 70th anniversary of the establishment of diplomatic relations between the two countries, and apart from the ever-strengthening bilateral ties, the people-to-people contacts have also become deep-rooted with the passage of time.

Khan also said that the China-Pakistan Economic Corridor will open new prospect of development in the fields of agriculture and industrial development with the support of China after bringing great improvement in energy supply and infrastructure in Pakistan.

Khan said that his country badly needs clean energy projects and the K-2 will carter the need, adding that the power plant will not only enable the transfer of technology from China but also equip local people with skills to use the state-of-the-art technology.The K-2 is the first foreign nuclear power unit using Hualong One, a Chinese domestically designed third-generation reactor that has a design life of 60 years and meets the strictest safety standards in the world.■
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.