Connect with us

Media

အမေရိကန်ပြည်ထောင်စုမှ ရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဝင်ရောက်လုပ်ကိုင်ရန် ဆန္ဒရှိ

တိုင်ယွမ်၊ မေ ၂၄ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်ပြီး စီးပွားရေးအခွင့်အလမ်းများပွင့်လန်းကာ စက်မှုကဏ္ဍပြုပြင်ပြောင်းလဲမှုဆောင်ရွက်နိုင်ခဲ့သောကြောင့် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ပြည်နယ်များ ၌ စီးပွားရေးနလံထမှု အားကောင်းလာလျက်ရှိသည်။
ဆန်းရှီး၊ ဟဲနန်၊အန်းဟွေး၊ဟူပေ၊ဟူနန် နှင့် ကျန်းရှီး အပါအဝင် တရုတ်နိုင်ငံ အလယ်ပိုင်း ပြည်နယ်များမှာ နိုင်ငံအတွင်း အလျှင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။

၁၂ ကြိမ်မြောက် တရုတ်နိုင်ငံအလယ်ပိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ကူးသန်းမှုပြပွဲ (Expo Central China 2021) ကို မကြာသေးမီက တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်တွင် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းများစွာ ရှာဖွေတွေ့ရှိခဲ့သည်။

အမေရိကန်-တရုတ် စီးပွားရေးကောင်စီ မှ တရုတ်နိုင်ငံလုပ်ငန်းများဆိုင်ရာ ဒုတိယဥက္ကဌMatthew Margulies က “ကုမ္ပဏီတွေကဒီမှာအခွင့်အလမ်းတွေကိုပိုပိုပြီးရှာဖွေလာကြတယ် ၊ တရုတ်နိုင်ငံ အလယ်ပိုင်းမှာ အလားအလာကောင်းတွေများစွာရှိပါတယ်၊ ဒီက ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ ပါဝင်ကြိုးပမ်းအားထုတ်ဆောင်ရွက် သွားဖို့ကျွန်တော်တို့မျှော်လင့်နေကြပါတယ်” ဟု ဆိုသည်။(Expo Central China 2021) ကို မေ လ ၂၁ ရက် မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး ပြခန်းများ၊ ဖိုရမ်များနှင့် စီမံကိန်းလှုပ်ရှားဆောင်ရွက်မှုအစီအစဉ် စုစုပေါင်း ၇၁ ခုပါဝင်ခဲ့ကြောင်းသိရသည်။
……………………….
GLOBALink | U.S. investors eye partnership opportunities in central China: business leader

TAIYUAN, May 23 (Xinhua) — Provinces in central China are on the path of strong economic recovery through industrial transformation and further opening up while adopting effective COVID-19 prevention and control measures.

Central China, including the six provinces of Shanxi, Henan, Anhui, Hubei, Hunan and Jiangxi, is one of the fastest growing regions in the country.

At the ongoing 12th Central China Investment and Trade Exposition (Expo Central China 2021) in Shanxi Province, investors are seeing great opportunities.

“Companies increasingly are looking to the opportunities here, there’s a great potential in central China,” said Matthew Margulies, vice president of China operations for the U.S.-China Business Council, adding that “we really look forward to participating and contributing to that development here.”

The expo, scheduled from May 21 to 23, includes 71 exhibitions, forums and project matchmaking activities.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.