Connect with us

Media

ငလျင်ဘေးသင့် ယူနန်ပြည်နယ်မှ မိန်းကလေးတစ်ဦးအား အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့

ကူမင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

ယူနန်ပြည်နယ်၊ တာ့လီပိုင် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယန်ဘီ ယီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တွင် ပြီးခဲ့သည့်သောကြာနေ့ ပေကျင်းစံတော်ချိန် ည ၉နာရီမှ ၁၁ နာရီအထိ အင်အား ရစ်ချ်တာစကေး ၅.၀ အဆင့်ရှိ ငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့သည်။

ငလျင်ဒဏ်အား မြို့နှင့်စီရင်စုပေါင်း ၁၂ ခုမှ သိရှိခံစားခဲ့ရပြီး ယန်ဘီ စီရင်စုမှာ ငလျင်ဒဏ်အဆိုးဆုံးထိခိုက်သည့် ဒေသဖြစ်ခဲ့သည်။ ထိုဒေသတွင် ငလျင်ဘေးသင့်ခဲ့သည့် မိန်းကလေးတစ်ဦးအား စနေနေ့ မနက် ၀၀:၄၀ မိနစ်တွင် အပျက်အစီးများကြားမှအောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)
……………………
GLOBALink | One girl successfully rescued in China’s quake-hit Yunnan
KUNMING, May 23 (Xinhua) — Four earthquakes over 5.0-magnitude struck Yangbi Yi Autonomous County in Dali Bai Autonomous Prefecture of Yunnan from 9 p.m. to 11 p.m. Friday Beijing Time. The tremors were felt in all 12 counties and cities of the prefecture, with Yangbi being the worst hit.
A girl was successfully saved from debris at around 00:40 a.m. on Saturday, and later sent to a hospital for medical treatment.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.