ချုံကျင်း၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းချုံကျင်းရှိ ကြိုးတံတားသစ်ကြီးအားအများ ပြည်သူအသုံးပြုရန် ဖွင့်လှစ်ခြင်းမပြုမီ တန်ချိန်မြင့်ထရပ်ကားပေါင်း ၄၈စင်း စုစုပေါင်း တန်ချိန် ၁၆၈ဝ တန် အလေးချိန်ကို တံတားပေါ်တွင် တစ်ပြိုင်နက် ဖြတ်သန်းကာ တံတား၏ကြံခိုင်မှုရှိမရှိ ကိုစမ်းသပ်ခဲ့သည်။ ဆွမ်ရှီး မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသော ထိုကြိုးတံတားတွင် ကြိုးများချိတ်ဆက်မှုလျော့ရဲခြင်းရှိမရှိ၊ အလေးချိန်...
ဟူနန်၊ မေ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဟူနန်ပြည်နယ်ကျန်းကျားကျဲချောက်ကမ်းပါးတွင် ဖြတ်သန်းဆောက်လုပ်ထားသော မှန်တံတားပေါ်မှ ဘန်ဂျီအမြင့်ခုန်ချသည့်စိန်ခေါ်ပွဲတစ်ရပ်ကိုကျင်းပခဲ့သည်။ ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံးမှန်တံတားပေါ်မှ မြေပြင်နှင့် အကွာအဝေး မီတာ ၃ဝဝ အကွာမှ ခုန်ချခြင်းဖြစ်ပြီး ရုရှား၊သြစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ စိတ်ပါဝင်စားသူများလာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။(Xinhua)
ကွမ်ရှီးကျွမ့်၊ မေ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟွာလုံးဝမ်း နည်းပညာသုံး fangchenggang နျူကလီးယားဓါတ်ပေါင်းဖို၏ စက်ဝိုင်းခြမ်းပုံအမိုးခုံးအားတပ်ဆင်ပြီးဖြစ်ကြောင်းသိရသည်။ ဟွာလုံးဝမ်းနည်းပညာမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် တတိယမျိုးဆက် နည်းပညာသုံးနျူကလီးယား ဓါတ်ပေါင်းဖိုဖြစ်သည်။(Xinhua)
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များအစည်းအဝေး SCO summit ကို လာမည့် ဇွန်လ တွင် တရုတ်နိုင်ငံမြို့တော် ချင်းတောင် (Qingdao) တွင် ကျင်းပမည်ဖြစ်ပြီး ထို အစည်းအဝေးကျင်းပမည့် အကြောင်းအရာများနှင့် စပ်လျဉ်းသည့် အချက်အလက်များကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန...
မူလ်တန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (CPEC) အကြီးဆုံး သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦစီမံကိန်း တွင်ပါဝင်သော အရှည် ၃၉၂ ကီလိုမီတာရှိသော Multan-Sukkur အမြန်လမ်းမကြီး ၏ ပထမလမ်းပိုင်းအား ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahid Khaqan...