Connect with us

Media

အီလက်ထရွန်ကင်းစင်သည့် X-ray လေဆာ စနစ် အား ရှန်ဟိုင်းတွင် အသုံးပြုမည်

ရှန်ဟိုင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်း၌ ရောင်ခြည်လှိုင်းသေးငယ်ပြီး အီလက်ထရွန်ကင်းစင်သည့် x-ray လေဆာ SXFEL စနစ်အား ယခုနှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

SXFEL မှာ တရုတ်နိုင်ငံတွင် ပထမဆုံး အီလက်ထရွန်ကင်းစင်သည့် X-ray လေဆာ အမျိုးအစားဖြစ်ပြီး အလင်းအရင်းအမြစ်၏ စတုတ္ထမျိုးဆက်ဟုလည်း ခေါ်တွင်သည်။ SXFEL ဖြင့် ဓါတ်ပုံရိုက်ကူးခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်းတို့ အပြင် ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ နှင့် အခြား သုတေသန နယ်ပယ်များတွင်လည်းတစ်ခေတ်ဆန်းသည့် သုတေသနပြုမှုများအား လေ့လာနိုင်မည်ဖြစ်သည်။

၎င်းမှာ တရုတ်နိုင်ငံ၌ အီလက်ထရွန်ကင်းစင်သည့် X-ray လေဆာ စနစ်ပေါ်ပေါက်မှု သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။Chinese Academy of Engineers မှ ပညာရှင် Dr. Zhao Zhentang က “ တရုတ်နိုင်ငံရဲ့ အီလက်ထရွန်ကင်းစင်တဲ့လေဆာစနစ်နယ်ပယ်နှင့် အထူးသဖြင့် အီလက်ထရွန်ကင်းစင်သည့် X-ray လေဆာနယ်ပယ်တွေမှာဆိုရင် ကျွန်တော်တို့တီထွင်ထားတာဟာ ရောင်ခြည်လှိုင်းနှုန်း အတိုဆုံးဖြစ်ပါတယ်၊ တစ်ကမ္ဘာလုံးမှာဆိုရင်လည်း ဒီလိုမျိုး SXFEL ကိရိယာများ တည်ရှိတဲ့နိုင်ငံက ၃ နိုင်ငံပဲ ရှိပါတယ်၊ ဂျာမဏီနိုင်ငံ ဟမ်းဘာ့မြို့မှာတစ်ခု၊ အီတလီမှာတစ်ခုနဲ့ ရှန်ဟိုင်းမှာတစ်ခုပဲရှိတာပါ။ အခုဆိုရင် ကျွန်တော်တို့ကရောင်ခြည်လှိုင်းအလျား ၂ နာနိုမီတာလောက်ပဲရှိတဲ့ အတိုဆုံးလှိုင်းကိုထုတ်လုပ်နိုင်တဲ့အတွက် သိပ္ပံနည်းကျသုတေသနလုပ်ငန်းမှာသိပ်ကိုအကျိုးကျေးဇူးများလာတော့မှာပါ” ဟုဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.