Connect with us

Media

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ရေအောက်ရေနံတူးဖော်ရေး (Xmas Tree) စမ်းသပ်မှုအောင်မြင်

ပေကျင်း၊မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ရေအောက်ရေနံတူးဖော်ရေးစနစ်သစ် Subsea Xmas Tree စနစ်အား Bohai ပင်လယ်ပြင်၌ စမ်းသပ်ခဲ့ရာအောင်မြင်မှုရရှိခဲ့ကြောင်းသိရသည်။

စမ်းသပ်မှုကို ဦးဆောင် ပြုလုပ်သည့် CNOOC က ယခု စနစ်မှာ အလွန် အသုံးဝင်ပြီး၊ ဘေးအန္တရာယ်ကင်းကာ စနစ်တစ်ခုလုံး၏ လုပ်ဆောင်နိုင်မှုများအား အပြည့်အဝ စစ်ဆေးထားခဲ့ပြီးဖြစ်ကြောင်းဆိုသည်။

Xmas Tree စနစ် သည် ကမ်းလွန်ရေနံရှာဖွေတူးဖော်ရေးကဏ္ဍတွင် အရေးပါသည်။CNOOC ၏ စီမံကိန်းမန်နေဂျာ Mi Lijun “အစိတ်အပိုင်းပေါင်း ၁၃၀၀ ကျော်ကိုဒီဇိုင်းဆွဲ၊ ထုတ်လုပ်၊ တပ်ဆင်၊ စမ်းသပ် ထားပါတယ်၊ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ဟာ Subsea Xmas Tree စနစ်ကို မိမိတို့ရဲ့ ဥာဏစွမ်းရည်ကိုပဲ အမှီပြုကာ ကိုယ်ပိုင်ထုတ်လုပ်နိုင်ခဲ့ပါပြီ” ဟုဆိုသည်။

CNOOC ထျန်းကျင်းရုံးခွဲမှ Xu Jie က “ကမ်းလွန်ရေနံစမ်းသပ်ထုတ်လုပ်ခြင်းဟာ ၃၂ ရက် ကြာ ခဲ့ပြီး တင်းကြပ်တဲ့ စစ်ဆေး စမ်းသပ်မှု ၉၈ ခုကို ပြုလုပ်ခဲ့တာပါ။ ကျွန်တော်တို့ တပ်ဆင်ခြင်း၊ လုပ်ဆောင်မှုများအားစစ်ဆေးခြင်းနှင့် ပြန်လည် လည်ပတ်နိုင်စွမ်းနှင့် ကောင်းမွန်စွာတူးဖော်နိုင်စွမ်း စတာတွေကိုလည်း အောင်မြင်အောင်စမ်းသပ် ပြီးစီးခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်းမှာ အဓိကကျပြီး အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.