Connect with us

Media

အိန္ဒိယ နိုင်ငံ၌ ဆေးရုံသုံးအောက်ဆီဂျင်ပြတ်လတ်မှုကြောင့် COVID-19 ကုသရာ ၌ အခက်ကြုံ

နယူးဒေလီ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ၌ COVID-19 ဖြစ်ပွားသူအရေအတွက်သည် ပြီးခဲ့သည့် သောကြာနေ့တွင် ၂၄ သန်းကျော်လာခဲ့ပြီဖြစ်သည်။နိုင်ငံ၌ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆေးရုံများတွင် အောက်ဆီဂျင် ပြတ်လတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် COVID-19 ကူးစက်ခံရမှု အရေအတွက် ပိုမိုတိုးပွားလာခဲ့သည်။
အနောက်ဘက်ပြည်နယ်တစ်ခုဖြစ်သည့် ဂိုအာပြည်နယ်ရှိ အစိုးရဆေးရုံတစ်ခုတွင် ပြီးခဲ့သည့် ၄ ရက်တာကာလအတွင်း ဆေးရုံသုံးအောက်ဆီဂျင် ပြတ်လတ်မှုကြောင့် အနည်းဆုံး လူနာပေါင်း ၇၄ ဦးခန့် သေဆုံးခဲ့ရကြောင်းသိရသည်။

သေဆုံးသူများ၏ မိသားစုဝင်များနှင့်မိတ်ဆွေများမှာလည်း ၎င်းတို့ချစ်ခင်ရသူများအတွက် ပူဆွေးနေကြ သည့်အပြင် ကပ်ရောဂါ ပဋိပက္ခများအကြား အောက်ဆီဂျင်ပြတ်လတ်မှုကြောင့် အစိုးရနှင့် ဆေးရုံရှိ တာဝန်ရှိသူများအပေါ်၌ အမျက်ထွက်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏ အောက်ဆီဂျင်ထောက်ပံ့မှု၌ သယ်ယူပို့ဆောင်ရေးနှင့်သိမ်းဆည်းရေးတို့သည် ရောဂါကုသရေးအတွက် ပဓာန ကျလှကြောင်းကျွမ်းကျင်သူများကဆိုသည်။ အောက်ဆီဂျင်ထုတ်လုပ်သူအများစုမှာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ နေထိုင်ကြရာအောက်ဆီဂျင်ပြတ်လတ်မှုပြဿနာသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့၌ပိုမိုဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် အောက်ဆီဂျင်များအား အရည်အဖြစ် အပူချိန်အနိုမ့်ဆုံးထားကာ ဖြန့်ဖြူးသူများထံပို့ဆောင်ရန် အအေးခံသိမ်းဆည်းသည့်ဘူးများပြတ်လတ်မှုသည်လည်း နောက်ထပ်ပြဿနာတစ်ခုဖြစ်လာသည်။ အိန္ဒိယနိုင်ငံရှိ ဆေးရုံအများစုတွင်လည်း အောက်ဆီဂျင်များအား သိုလှောင်ထားနိုင်သည့် အခန်းများလည်းမရှိပေ။ ထိုအခက်အခဲအား ကိုင်တွယ်ဖြေရှင်းရန် အိန္ဒိယ အစိုးရက အောက်ဆီဂျင် ထုတ်လုပ်ရေးနှင့်ထည့်သွင်းပို့ဆောင်ရေးရွေ့လျားစက်ရုံများအား စတင်ဆောင်ရွက်လျက်ရှိသည့်အပြင် သယ်ဆောင်နိုင်သည့် အောက်ဆီဂျင် ဖြည့်စက်များအားဝယ်ယူလျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.