Connect with us

Videos

ဂင်းနစ်စံချိန်တင်ထမင်းကြော်

ပေကျင်း ၊ အောက်တိုဘာ (၂၆) ရက် ၊ ဆင်ဟွာ

တရုတ်နိုင်ငံ ကျန်းစုပြည်နယ် ယန်ကျိုးမြို့၌ အောက်တိုဘာလ (၂၂) ရက်နေ့ က စားဖိုမှူးများ စုပေါင်း၍ ဂင်းနစ်ကမ္ဘာ့စံချိန်တင် ရန်ချိုးထမင်းကြော်ပွဲ အား ဆင်နွှဲခဲ့ကြ သည်။ စုစုပေါင်း ထမင်းတန်ချိန် ၄တန်ခန့်အား ရှေးဟောင်းမြို့တော် တည်ထောင်ခြင်း နှစ်ပေါင်း ၂၅ဝဝ ပြည့်မြောက် သည့် အထိမ်းအမှတ်ဖြင့် ယခုကဲ့သို့ စုပေါင်းပြုလုပ်ကြသည်ဟုသိရသည်။

အဆိုပါ ပွဲတွင် ကျွမ်းကျင်စားဖိုမှူးပေါင်း၃ဝဝ နှင့် အချက်အပြုတ်သင်တန်းကျောင်းမှ အလုပ်သင်များမှ စုပေါင်းပြီး ၎င်းတို့၏ ကိုယ်ပိုင်ပါဝင်ပစ္စည်းများအသုံးပြုကာ ထမင်းကြော်ပွဲများပြုလုပ်ခဲ့ကြပြီးနောက် အိုးကြီးတစ်ခုအတွင်း ဂင်းနစ် ကမ္ဘာ့စံချိန်ချိုးခဲ့ကြကြောင်းသိရသည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.