Connect with us

Videos

တရုတ်နှင့် အင်္ဂလန်ဘောလုံးပြတိုက်အချင်းချင်းပူးပေါင်းဆောင်ရွက်

လင်ဇီ ၊ အောက်တိုဘာလ (၂၆) ရက်၊ (ဆင်ဟွာ)

တရုတ်နိုင်ငံလင်ဇီ ဘောလုံးပြတိုက် သည် အင်္ဂလန်ရှိ မန်ချက်စတာအမျိုးသား ဘောလုံးပြတိုက် နှင့် မိတ်ဖက်ပြတိုက်များအဖြစ် အောက်တိုဘာလ ၂၃ ရက်နေ့က ကြေညာခဲ့သည်။

ပြတိုက်နှစ်ခုတို့သည် ကမ္ဘာတစ်လွှားရှိ ဘောလုံး ဝါသနာ ရှင်များ၏ ဘောလုံးနှင့် ပတ်သက်သော ယုံကြည်မှုများ၊ သဘောထားများကို အတူတကွ ဆက်စပ်ပေးသွားမည်ဖြစ်သည်။

နောက်ပိုင်းတွင် ပြတိုက်နှစ်ခုမှ အထူးစီမံချက်များဖြစ်သည့် ဘောလုံးယဉ်ကျေးမှုဖလှယ်ရေး နှင့် လေ့လာရေးကဏ္ဍများ၌ အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းသည် အရှေ့တိုင်းနှင့် အနောက်တိုင်းဘောလုံး လောကတို့ ပူးပေါင်းကာ ပညာရပ်များအပြန်အလှန်ဖလှယ်သည့်ပြယုဂ်လည်းဖြစ်သလို ဘောလုံး၏ ရှေးခေတ်ကစားပုံ နှင့် ယခုခေတ်ဘောလုံးအားကစားတို့အား ပရိသတ်များထံ မိတ်ဆက်ပြသနိုင်သည့် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ကြောင်းသိရသည်။

ယခုပြတိုက်ဖွင့်လှစ်သော လင်ဇီခရိုင်သည် တရုတ်ရိုးရာ ရှေးခေတ် ဘောလုံးအားကစားဖြစ်သော စူးကျုဘောလုံး၏ မူလစတင်ရာအရပ်ဖြစ်ကြောင်း ၂ဝဝ၄ ခုနှစ်တွင် ဖီဖာမှ တရားဝင်အသိအမှတ် ပြုပေးခဲ့သည်။ စူးကျူ ဟု အမည်ရသည့် တရုတ်ဘောလုံးအားကစားသည် လင်ဇီ အရပ်ဒေသတွင် ဘီစီ ၇၇ဝ မှ ၄၇၆ ရာစုအတွင်း နွေဦးပေါက်နှင့် ဆောင်းဦးရာသီတို့၌ အလွန်ခေတ်စားခဲ့သည်။ ကျွမ်းကျင်သူများ၏ အတည်ပြုချက်အရ စူးကျူးအားကစားသည် ၂ဝဝ၄ ခုနှစ်တွင် လင်ဇီဒေသ၌ တဖန် ပြန်လည်ခေတ်စားခဲ့သည်။

မန်ချက်စတာ အမျိုးသားဘောလုံးပြတိုက်အား ၂ဝဝ၁ ခုနှစ် ၌ ပရက်စတန်ဒေသတွင် စတင် တည်ဆောက်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် မန်ချက်စတာသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
၎င်းတွင် ဖီဖာအပါအဝင် ဘောလုံးလောကဆိုင်ရာ သမိုင်းဝင်ပစ္စည်းပေါင်း ၁သိန်း၄သောင်းကျော်အား ထိန်းသိမ်းစောင့်ရှောက်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.