Connect with us

Videos

ကျေးလက်ကောက်ရိုးရုပ်ပြိုင်ပွဲ

ဟူနန်၊ အောက်တိုဘာလ (၂၇) ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ရှိ လုရန်မြို့ တွင် မြို့အုပ်ချုပ်ရေးဋ္ဌာနမှ အဓိက ဦးစီးပြီး ကောက်ရိုးရုပ်ပြိုင်ပွဲ အားကျင်းပခဲ့ကြသည်။ စက်တင်ဘာလကုန်တွင် စတင်ကျင်းပခဲ့သော အဆိုပါ ပြိုင်ပွဲ တွင် ဒေသခံကျေးရွာသား များမှ ကောက်ရိုးရုပ်ပုံစံများအား ဖန်တီးခဲ့ကြ ပြီး အနီးအနား ရှိရွှာများ မှလည်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုသို့ကျင်းပခြင်းသည် ကောက်ရိုးများအား မီးရှို့ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရာ ရောက်သလို ခရီးသွားများ အား ဆွဲဆောင်ရာလည်း ရောက်သည်။ ဧည့်သည်အများစု သည် ကောက်ရိုးရုပ်များအား အလွန်စိတ်ဝင်တစား ရှိကာ လာရောက်လည်ပတ်ကြသည်။

“ဒီအရုပ်တစ်ခုကို ပြုလုပ်ဖို့ ၁လခွဲကြာမြင့်ခဲ့ကြောင်း ၊ ပွဲစီစဉ်သူတွေက ကောက်ရိုးတွေနဲ့အရုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် အခုလိုပြုလုပ်ခြင်းဖြစ်ကြောင်း” ဒေသခံတစ်ဦးကပြောကြားခဲ့သည်။ တရုတ်နိုင်ငံရှိ ကျေးလက်ဒေသတွင် ကောက်ရိုးများအားမီးရှို့ဖျက်ဆီးခြင်းကြောင့်လေထုညစ်ညမ်းမှု များဖြစ်ပေါ်ခြင်းအတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ တောင်သူများသည် ဘိုးစဉ်ဘောင်ဆက်ကပင် ထွန်ယက်စိုက်ပျိုးပြီးချိန်တိုင်း ကောက်ရိုးများအားမီးရှို့ကာ ပြာများအားမြေမြှုပ်ပြီးပြန်လည်စိုက်ပျိုးပါက သီးနှံပိုမိုအထွက်တိုးကြောင်းယုံကြည်နေကြဆဲဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.