Connect with us

Videos

တရုတ်ဆေးပညာနိုဘယ်ဆုရှင် ငှက်ဖျားရောဂါ၏ အန္တရာယ်အား အလေးထားပြောကြား

စတော့ဟုမ်း ၊ ဒီဇင်ဘာ (၇) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မှ သိပ္ပံပညာရှင် တူးယို့ယိုးသည် ဆွီဒင်နိုင်ငံစတော့ဟုမ်းတွင် ဒီဇင်ဘာလ (၁ဝ) ရက်နေ့ တွင်ကျင်းပမည့် နိုဘယ်လ်ဆုပေးအပ်ပွဲအခမ်းအနားတက်ရောက်မည်ဖြစ်သည်။ တူးယို့ယိုး သည် ဆေးပညာနယ်ပယ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံး နိုဗယ်ဆုရ အမျိုးသမီး ပညာရှင်တစ်ယောက် ဖြစ်သည်။

တူးယို့ယိုးသည် ပူးတွဲနိုဘယ်ဆုရှင် ၂ဦးဖြစ်သော အိုင်းရစ် နိုင်ငံသား ဝီလျှံကန့်ဘဲလ် နှင့် ဂျပန်နိုင်ငံသား ဆာတိုရှိ အိုမူရာ တို့နှင့်အတူ ဒီဇင်ဘာလ (၆) ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ခြင်မှ တစ်ဆင့် ပေါက်ပွားသော ရောဂါများအားတိုက်ဖျက်ရန် အထူးသတိပေး ပြောကြားခဲ့သည်။ သူမသည် ငှက်ဖျားရောဂါ ခံစားနေရသော လူနာများ သေဆုံးမှုနှုန်းကို သိသိသာသာ လျော့ကျစေရန် အာတီမီစီနင် (Artemisinin) ခေါ် ဆေးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ နောက် ၁ဝ နှစ်အတွင်း ငှက်ဖျား ရောဂါအားမထိန်းချုပ်နိုင် ပါက ဆင်းရဲသော ဒေသများ အထူးသဖြင့် အာဖရိကဒေသများတွင် ကုသရန်ခက်ခဲမည်ဖြစ် ကြောင်း၊ Artemisinin သည် ငှက်ဖျားရောဂါအား တိုက်ဖျက်ရန် အစွမ်းထက်သော တရုတ်တိုင်းရင်းဆေးတစ်မျိုးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဆေးပညာလောကတွင် ပထမဆုံးအကြိမ်အဖြစ် ယခုကဲ့သို့ နိုဘယ်ဆု ချီးမြှင့် ခံရခြင်းလည်းဖြစ်ကြောင်း၊ ယခု ရှာဖွေမှုသည် နောင်လာမည့် အနာဂတ် ဆေးပညာလောက အတွက် များစွာအထောက်အကူဖြစ်မည်ဟု ယုံကြည်မိပါကြောင်း၊ တရုတ်ရိုးရာ တိုင်းရင်းဆေး နှင့် ခေတ်မီ ဆေးပညာတို့ ပေါင်းစပ်၍ လူသားတို့၏ ကျန်းမာရေးအားများစွာအထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါကြောင်း သတင်းစာရှင်းလင်းပွဲ၌ သူမကဆိုသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅ နှစ်အတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးသူ ရာခိုင်နှုန်းမှာ ၆ဝ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး အာဖရိက ဒေသတွင် တစ်နှစ်လျှင် ကလေးငယ်ပေါင်း ၅ သိန်းခန့် ၏ အသက်အန္တရာယ် အား ခြိမ်းခြောက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.