Connect with us

Videos

ကွမ်ကျိုး စက်ရုပ်ပြပွဲ တွင် လက်ဖဝါးပေါ်တွင် တင်ထားနိုင်သည့် မောင်းသူမဲ့ ယာဉ်ငယ်များပါဝင်ပြသ

ကွမ်ကျိုး ၊ ဒီဇင်ဘာ (၇) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျိုးတွင် ဒီဇင်ဘာလ (၅)ရက်နေ့က ၂၀၁၅ ခုနှစ် တရုတ်(ကွမ်ကျိုး) အသိဉာဏ် ရှိသည့် စက်ကရိယာများ နှင့် စက်ရုပ် ပြပွဲအား ကျင်းပခဲ့ကြောင်း သိရှိရသည်။

၄ ရက်တာ ကျင်းပသည့် အဆိုပါ ပြပွဲသည် ဆန်းသစ် တီထွင်မှုအား အဓိကထားပြီး 3D ပုံနှိပ်စက်များ၊ ကျောပိုးအိတ်ပျံများ၊ မောင်းသူမဲ့လေယာဉ် (drone) များ၊ စက်ရုပ်များ အစရှိသည့် အမျိုးမျိုးသော နယ်ပယ်များ၌ နောက်ဆုံးပေါ်နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုအား ပြသထားကြောင်း သိရသည်။ ၎င်းတို့ထဲ၌ လာရောက်ကြည့်ရှုသူများမှ မောင်းသူမဲ့ လေယာဉ်များ အား အဓိက စိတ်ဝင်စား ခဲ့ကြသည် ။

အသေးဆုံး မောင်းသူမဲ့လေယာဉ်သည် လက်မ အရွယ် သာရှိပြီး အလေးချိန်အားဖြင့် ၁၀ ဂရမ်သာ ရှိကြောင်း သိရသည်။ ၎င်း ယာဉ်ငယ်သည် လေထဲ၌ ကျွမ်းထိုးခြင်း၊ ဒေါင်လိုက် လှည့်ပတ်ခြင်း အစရှိသည့် ခက်ခဲသော လှုပ်ရှားမှုတို့ကို ပြုလုပ်နိုင်ကြောင်းသိရသည်။ ထို့အပြင် လက်ဖဝါး အရွယ် နှင့် အလေးချိန် ၂၀ ဂရမ် ရှိပြီး SD Card ထောက်ပံ့ပေးထားကာ pixels ၂သန်း ရှိသော ဒရုန်း လေယာဉ်ငယ်သည် သက်သက် သာသာ သုံးစွဲနိုင်မည့် အသေးဆုံး မောင်းသူမဲ့လေယာဉ် (drone) ဖြစ်လာနိုင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.