Connect with us

Videos

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း မိတ်ဆွေ ကောင်းအဖြစ် ဆက်လက်ရှိနေမည်ဟု တရုတ်နိုင်ငံ အစိုးရ အထူး သံတမန် ပြောကြား

နေပြည်တော် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေ မည်သို့ပင် ပြောင်းလဲပါစေ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ အဖော်ကောင်း၊ ညီရင်းအစ်ကိုကောင်း အဖြစ် ဆက်လက် ရှိနေမည်ဟု တရုတ်နိုင်ငံ အစိုးရ အထူး သံံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် (H.E. Mr. Liu Zhenmin) က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဒီဇင်ဘာလ ၅ ရက်တွင် နေပြည်တော်၌ သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရေးနှင့် ပတ်သက်၍လည်း ယခုလိုပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ အစိုးရ အထူး သံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.