Connect with us

Videos

တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့သည့်ကမ္ဘောဒီးယားနိုင်ငံ၏မဲခေါင်မြစ်ကူးတံတားဖွင့်လှစ်

ကမ်ပူးချမ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်း Kampong Cham နှင့် Tboung Khmum ပြည်နယ်များသို့ ချိတ်ဆက်ပြီး မဲခေါင်မြစ်အားဖြတ်သန်းဖောက်လုပ်ထားသည့် ၈စင်းမြောက်တရုတ်နိုင်ငံမှတည်ဆောက်ထားသည့် ချစ်ကြည်ရေးတံတားသည် ပြည်နယ်နှစ်ခုစလုံးတွင်နေထိုင်သည့် ဒေသခံများအတွက် စီးပွားရေး လုပ်ငန်းများပိုမိုကောင်းမွန်စေပြီးဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန်မျှော်လင့်ကြောင်းသိရသည်။

Stueng Trang-Kroch Chhmar ဟု တရားဝင်အမည်ပေးထားသည့် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး တံတားသည် အရှည် ၁,၁၃၁ မီတာရှိပြီး အကျယ် ၁၃.၅ မီတာရှိကာ ပြည်နယ်နှစ်ခုစလုံးတွင် သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးကိုပြေလျော့စေမည်ဖြစ်သည်။
Kampong Cham နှင့် Tboung Khmum ပြည်နယ်များသို့ ချိတ်ဆက်ပြီး မဲခေါင်မြစ်အားဖြတ်သန်းဖောက်လုပ်သည့်တံတားကြီးတည်ဆောက်ပြီးစီးမှုသည် သမိုင်းတွင်သည့် မှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်းဒေသခံများကဆိုသည်။

“အခုဆိုရင် ကျွန်တော်တို့မြစ်ကို ကူးဖို့ လှေတို့ဘာတို့ကိုစီးစရာမလိုတော့ဘူးပေါ့၊ တရုတ်နိုင်ငံကိုလည်း ဒီတံတားကြီးကို တည်ဆောက်ပေးလို့ကျေးဇူးတင်တဲ့အပြင် ဒီလိုကူညီထောက်ပံ့မှုတွေကိုလည်းကျွန်တော်တို့အမြဲသတိရနေမှာပါ” ဟု အသက် ၃၄ နှစ်အရွယ် ကျောင်းဆရာတစ်ဦးဖြစ်သည့် Eng Sear ဆိုသူကဆိုသည်။

အသက် ၃၁ နှစ်အရွယ် အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် Da Danuch ဆိုသူက တံတားတည်ဆောက်မှုမလုပ်ခင်က သူ (မ) မိသားစုသည် တစ်လလျှင် ရီယယ် ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၀) ကို မြစ်ဖြတ်ကူးဖို့ ကုန်ကျခဲ့ရကြောင်းဆိုသည်။

“ ဒီတံတားဟာ ကျွန်မတို့ကို Stueng Trang နှင့် Kroch Chhmar ခရိုင်တို့ကို ဖြတ်သန်းသွားလာရာမှာ များစွာအထောက်အကူပြုပါတယ်၊ ငွေကုန်လည်းသက်သာစေခဲ့သလို လမ်းခရီးကြာချိန်ကိုလည်းလျှော့ချပေးနိုင်ခဲ့ပါတယ်” ဟု ပြောသည်။ “အရင်က မြစ်ကို ကူးတို့လှေနဲ့ကူးဖို့ အချိန် တစ်နာရီကနေ တစ်နာရီခွဲလောက်ကြာပေမဲ့လို့ အခုဆိုရင် တံတားကနေဖြတ်သွားနိုင်ပြီဆိုတော့ မြစ်ကိုဖြတ်သွားဖို့အချိန် ၅ မိနစ်လောက်ပဲ ကြာတော့ အဆင်ပြေသွားပါပြီဟုဆိုသည်။

တံတားကြီးကို ရှန်ဟိုင်းဆောက်လုပ်ရေးအဖွဲ့က တရုတ်နိုင်ငံ အစိုးရထံမှ အထူးချေးငွေဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပခဲ့သည့်တံတားဖွင့်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆန်ဒက်ဟွန်ဆင်က “တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံ၏ လမ်းတံတားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ထောက်ပံ့ကူညီပေးခဲ့ပြီး နိုင်ငံရှိ လမ်းမများတွင် ကီလိုမီတာပေါင်း ၃,၀၀၀ ကျော်ကို တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

……………………..
(English Version)
GLOBALink | Chinese-built bridge over Mekong River open to traffic in Cambodia

KAMPONG CHAM, Cambodia, Nov. 24 (Xinhua) — Spanning across the Mekong River and connecting Kampong Cham and Tboung Khmum provinces in southeastern Cambodia, the eighth Chinese-built friendship bridge has brought hope of development and ease of doing businesses to residents in both provinces.

Officially named the Stueng Trang-Kroch Chhmar Cambodia-China Friendship Bridge, the 1,131-meter-long and 13.5-meter-wide bridge will ease travel and transport of goods between the two provinces.
Local residents said it is a historic milestone that there is a bridge over the Mekong River linking Kampong Cham and Tboung Khmum provinces.

“Now, we no longer cross the river by ferry or boat. Thank you, China, for constructing this bridge and we will remember this help for good,” Eng Sear, a 34-year-old teacher, told Xinhua.

Da Danuch, a 31-year-old civil servant, said when the bridge had not been built, her family spent around 200,000 riels (50 U.S. dollars) per month for ferry crossings.

“The bridge really facilitates our travel between Stueng Trang and Kroch Chhmar districts, saves us money and reduces our travel time,” she told Xinhua. “Previously, it took at least one hour to one-and-a-half hours to cross the river by ferry, but it’s convenient now because we have the bridge and it takes less than five minutes to cross the river.”

The bridge was developed by the Shanghai Construction Group under a concessional loan from the Chinese government.

On the inauguration of the bridge on Tuesday, Cambodian Prime Minister Samdech Techo Hun Sen said China is the key contributor to the country’s road and bridge development, adding that more than 3,000 km of national roads in the kingdom have been constructed by China.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.