Connect with us

Videos

ဝန်ကြီးချုပ်လီခဲ့ချန်၏ ကျူးဘားနိုင်ငံခရီးစဉ် အတွင်း ဆောင်ရွက်မှုများ

ဟာဗားနား၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကျူးဘားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်သွားရောက်ခဲ့သည် ။ ၎င်း၏ခရီးစဉ်အတွင်းဝန်ကြီးချုပ်လီသည် ကျူးဘားအမျိုးသားခေါင်းဆောင်ကြီး Jose Marti အထိမ်းအမှတ် နေရာသို့သွားရောက်ဂါရဝပြုခဲ့သည်။ ကျူးဘားနိုင်ငံသမ္မတ Raul Castro ကလည်းဝန်ကြီးချုပ်လီအားအခမ်းအနားဖြင့်ကြိုဆိုဂုဏ်ပြုခဲ့သည်။ ခေါင်းဆောင်၂ ဦးတု့ိသည် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ များကို ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုစာချုပ်များကိုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ကျူးဘားခေါင်းဆောင်များနှင့်အတူ ဝန်ကြီးချုပ်လီ သည် တရုတ် လက်တင်အမေရိက ယဉ်ကျေးမှုဖလှယ်ပွဲ ၊ တရုတ်နိုင်ငံနှင့် ကျူးဘားနိုင်ငံတို့ တွဲလက်များခိုင်မြဲစေမည့် အထိမ်းအမှတ်အဖြစ် Night of Havana ခေါင်းစဉ်ဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကိုကြည့်ရှုအားပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.