Connect with us

Videos

နိုင်ငံတော်သမ္မတဦီးထင်ကျော်နှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီးကော်စိမ်းခွန်းတွေ့ဆုံ

နေပြည်တော် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် စက်တင်ဘာ ၂၇ ရက်နေ့တွင် နေပြည်တော် တွင်ကျင်းပမည့် တရုတ်-မြန်မာ (၅)ကြိမ်မြောက် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း(Guo Shengkun) ကို လက်ခံတွေ့ဆုံ ခဲ့သည်။

ကော်စိမ်းခွန်း က တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သည် နက်ရှိုင်းသည့် သမိုင်းအစဉ်အလာ ရှိခဲ့ပြီး ချစ်ကြည်သောအိမ်နီးချင်း စိတ်သဘောများ ရှိကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး ဟူသည့် ဦးတည်ချက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ကာ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီးသည့် သဘောတူညီချက်များကို ရှေ့တန်းတင်ပြီး အဆင့်မြင့် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး ကိုတည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် က မြန်မာ-တရုတ် နှစ်နိုင်ငံ သည် နက်ရှိုင်းသော ချစ်ကြည်ရေး အခြေခံများရှိပြီး မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် လူမှုဘဝ မြှင့်တင့်ရေး စသည့်တို့တွင် ကူညီထောက်ခံမှု များကို မေ့ပျောက် နိုင်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အဆင့်မြင့် အရာရှိများ နှင့် အနီးကပ် ကူးလူးဆက်ဆံမှု များဆောင်ရွက်ကာ ကဏ္ဍစုံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုအား နှစ်နိုင်ငံ ပြည်သူလူထုကို ပိုမို အကျိုးဖြစ်ထွန်းစေလိုကြောင်း ၊ တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သည် နှစ်နိုင်ငံ ဆက်ဆံရေး တွင် မရှိမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဖလှယ်မှု များမှ ကောင်းမွန်သည့် ရလဒ်များ ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.