Connect with us

Videos

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၆၇ ) နှစ်မြောက် ဂုဏ်ပြု အခမ်းအနားကျင်းပ

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ (MICC-2) ၌ စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားသို့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့အပါအဝင် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် နှင့် ဌာနဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ ကြသည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့က အသီးသီး မိန့်ခွန်းများ ပြောကြားရာ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် တရုတ် နိုင်ငံ နှင့်အတူ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ပိုမို ရရှိရန် ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းစသဖြင့် တရုတ်မြန်မာချစ်ကြည်ရေးဆက်လက် ခိုင်မြဲစေရန် ဆုတောင်းစကားများ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သည် ၁၉၅၀ ခုနှစ်တွင် သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် ကောင်းမွန်စွာတိုးတက်ခဲ့ပြီး ၆၆ နှစ်တာ ကာလအတွင်း နှစ်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးနှင့် ကမ္ဘာကြီး မည်ကဲ့သို့ ပြောင်းလဲနေစေကာမူ တရုတ်-မြန်မာ ဆက်ဆံရေးသည် တောက်လျှောက် တိုးတက်လျက်ရှိကြောင်း ၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား စိန်ခေါ်မှုများကို ကျော်လွှားနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်သည့် ၆၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပထမ အကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံ ပန်းချီဆရာများ ကွင်းဆင်း ရေးဆွဲထားသော ပန်းချီလက်ရာများ ပြပွဲ ကိုလည်း မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂ (MICC 2) ၌ ဆက်လက်ပြသခဲ့သည်။

ပြပွဲ အခမ်းအနားအား ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် တရုတ်-မြန်မာ နှစ်နိုင်ငံ ပန်းချီဆရာများ ကွင်းဆင်း ရေးဆွဲထားသော နှစ်နိုင်ငံ တောတောင် ရေမြေ သဘာဝ အလှတရားများနှင့် လူနေမှု ပုံစံများအား ဖော်ကျူး ပြသထားသည့် ပန်းချီကားများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.