Connect with us

Videos

တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး များဖြင့် ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီ

ပေကျင်း၊ ဧပြီ ၂၁ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံထုတ်COVID-19 ကာကွယ်ဆေးများသည် ထိရောက်မှု စိတ်ချလုံခြုံမှုရှိကြောင်း ကို ကမ္ဘာအနှံ့ရှိ ကျွမ်းကျင်သူများက သက်သေပြသခဲ့ပြီးဖြစ်သည့်အပြင် ၎င်းကာကွယ်ဆေးများဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာတွင် ကပ်ရောဂါတိုက်ဖျက်ရာ၌ ကူညီပေးနိုင်ခဲ့သည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်ကာကွယ်ဆေးများကို နိုင်ငံခေါင်းဆောင်များအပါအဝင် တစ်ကမ္ဘာလုံး၌ လူဦးရေ သန်း ၁၀၀ ကျော် ထိုးနှံခဲ့ပြီးဖြစ်ကြောင်းသိရသည်။ဟန်‌ဂေရီနိုင်ငံမှ ကျွမ်းကျင်သူ Miklos Rusvai က “ကာကွယ်ဆေးက စိတ်ချလုံခြုံမှုရှိပါတယ်၊ လုံခြုံစိတ်ချရမှုကိုပဲ

ပြည်သူတွေကလည်း ပထမဦးစားပေးမျှော်လင့်ကြတာပါ ။ ကျွန်တော့်အထင်တော့ အဲဒီ inactivated အမျိုးအစား ကာကွယ်ဆေးက အလွန်စိတ်ချရပြီးတော့ အစွမ်းထက်ပါတယ်” ဟုဆိုသည်။ထိုင်းနိုင်ငံမှ ကျွမ်းကျင်သူ Nakorn Premsri က “ကျွန်တော်တို့ sinovac ကာကွယ်ဆေးအပေါ်မှာယုံကြည်ချက်ရှိပါတယ်၊ တရုတ်နိုင်ငံက ထုတ်တဲ့ ကာကွယ်ဆေးတွေဟာ ဘေးကင်းစိတ်ချရတယ်ဆိုတဲ့ ရလဒ်ကောင်းတွေလည်းရရှိထားပြီးသားဖြစ်ပါတယ်” ဟုဆိုသည်။

တူရကီနိုင်ငံမှ ကျွမ်းကျင်သူ Murat Akova က “ဒီကာကွယ်ဆေးတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ၈၃.၅ ရာခိုင်နှုန်းလောက်အထိ ကာကွယ်ပေးနိုင်ခဲ့ပါတယ် “ ဟုဆိုသည်။
ဘရာဇီးနိုင်ငံမှ ကျွမ်းကျင်သူ Natalia Pasternak က ”ဒီကာကွယ်ဆေးဟာ အမျိုးအစားကောင်းမွန်ပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီတဲ့အပြင် သိပ္ပံပညာရှင်အသိုင်းအဝိုင်းမှာရော WHO ကရော နိုင်ငံတကာစံချိန်စံညွှန်းတွေအနေနဲ့ပါ လက်ခံနိုင်လောက်တဲ့ အာနိသင်ရှိပါတယ်။” ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.