Connect with us

Videos

တရုတ်နိုင်ငံ ချုံချင့်တွင် ပထမဆုံး မောင်းသူမဲ့ မိုးပျံရထား စတင်ပြေးဆွဲ

ချုံချင့်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်တွင် ပထမဆုံး မောင်းသူမဲ့ မိုးပျံရထား စတင်ပြေးဆွဲခဲ့ကြောင်းသိရသည်။ လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့အမျိုးအစားရထားသည် အရှည် ၁၅.၄ ကီလိုမီတာရှိသည့် မိုးပျံရထားလမ်းပေါ်ရှိ ဘူတာရုံပေါင်း ၁၅ ခုကို ဖြတ်သန်းမောင်းနှင်ပြေးဆွဲမည်ဖြစ်သည်။ ယင်း မိုးပျံရထားတွဲအား တရုတ်နိုင်ငံ စွမ်းအင်သစ် သုံးယာဉ်များထုတ်လုပ်သည့် လုပ်ငန်းစု BYD မှ ထုတ်လုပ်ထားသည်။ ၎င်း၏ အားသာချက်မှာ တည်ဆောက်မှုစရိတ်စက သက်သာခြင်း နှင့် တည်ဆောက်ချိန်တိုတောင်းခြင်းတို့ ဖြစ်သည်။ ရထားတွင် ရာဘာ ရထားဘီးများတပ်ဆင်ထားသောကြောင့် ပြေးဆွဲရာတွင်တည်ငြိမ်ပြီး ခရီးသည်များ သက်သောင့်သက်သာ လိုက်ပါစီးနင်းနိုင်သည်။ မိုးပျံရထားအားစီးနင်နိုင်ရန် ခရီးသည်များအနေဖြင့် ကတ်မှ တစ်ဆင့် သို့မဟုတ် QR code scan ဖတ်ခြင်းနှင့် မျက်နှာမှတ်ငွေပေးစနစ်များမှ ငွေပေးချေနိုင်သည်။ အဆိုပါ မိုးပျံရထားသည် အချိန် ၁နာရီအတွင်း လူပေါင်း ၆ထောင်မှ ၁သောင်းကြား သယ်ယူပို့ဆောင်နိုင်ပြီး အမြန်ဆုံးတစ်နာရီလျှင် ၈၀ကီလိုမီတာအထိမောင်းနှင် နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.