Connect with us

Videos

နေ နှင့် လေစွမ်းအင်အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ရှင်းကျန်းဒေသရှိစွမ်းအင် ထုတ်လုပ်‌‌ရေးလုပ်ငန်း

ဝူးလူမုချီ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း ‌(‌ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Gobi သဲကန္တာရတွင် ပဉ္စဂံသဏ္ဍာန် ဆိုလာပြားများဖြင့် စက်ဝိုင်းသဏ္ဍာန် တည်ဆောက်ထားသည့် ဆိုလာစွမ်းအင်သုံးစက်ရုံ ရှိသည်။ အဆိုပါ ဆိုလာစွမ်းအင်သုံးစက်ရုံ အလယ်ဗဟိုတွင် နေရောင်စွမ်းအင်များအားရယူရန် အမြင့် ၂၂၀ မီတာရှိ မျှော်စင်ကြီးတည်ဆောက်ထားသည်။

ရှင်းကျန်းဒေသတွင် ပထမဆုံးတည်ဆောက်သော photothermal အမျိုးအစားစွမ်းအင်ထုတ်လုပ်ရေး စက်ရုံဖြစ်သည်။ဤစီမံကိန်းသည် ဒေသတွင်း များပြားလှသောနေရောင်ခြည်ကို အပူနှင့်စွမ်းအင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းလုပ်ဆောင်သည့် စီမံကိန်းတစ်ခုဖြစ်သည်။ ထိုစီမံကိန်း မှ ထွက်ရှိသည့်စွမ်းအင်သည် နှစ်စဉ် ပုံမှန်ကျောက်မီးသွေးတန်ချိန် ၆၀,၀၀၀ ခန့် အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်သည့်ပမာဏနှင့် တူညီကြောင်း ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှု ၁၅၀,၀၀၀ တန် လျှော့ချရာရောက်ကြောင်း သိရသည်။ စီမံကိန်းသည် တရုတ်နိုင်ငံ၏ ၂၀၃၀ ပြည့်နှစ်တွင်ကာဘွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဘွန်အသုံးပြုမှု ထိန်းချုပ်ရန်ရည်မှန်းချက်များအား ပြည့်မီအောင်ကူညီပေးနိုင်သည်။ ရှင်းကျန်းဒေသ သည် လေပြင်းနှင့် နေရောင်ခြည် ကောင်းစွာကျရောက်သည့် သဲကန္တာရကြီးများစွာတည်ရှိသည်။ တရုတ်နိုင်ငံ၏ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှု သည် ၂၀၂၀ ပြည့်နှစ် အကုန်တွင် ၉၃၀ မီလီယံ ကီလိုဝပ်ရှိရာ စုစုပေါင်း ၄၂.၄ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.