Videos
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်တင်ဘာလအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၉ ထောင်ကျော်ရှိလာ
ဒါကာ ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်တင်ဘာလအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူအသစ် ၉,၀၀၀ ကျော်ရှိလာခဲ့ပြီး သေဆုံးသူ ၃၄ ဦး ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန(DGHS)က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ယခုနှစ်၌ တစ်ရက်အတွင်း အမြင့်ဆုံး အရေအတွက်အဖြစ် စက်တင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ လွန်ခဲ့သော ၂၄ နာရီအတွင်း ခြင်မှတစ်ဆင့်ကူးစက်သော ရောဂါကြောင့် လူပေါင်း ၅၂၄ ဦး ဆေးရုံတင်ကုသခဲ့ရကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။
ဒါကာမြို့တစ်မြို့တည်းတွင်ပင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၇၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ DGHS အရ သိရသည်။
စက်တင်ဘာ ၂၈ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သည့် ရောဂါကူးစက်ခံရသူအသစ်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူအရေအတွက်မှာ စက်တင်ဘာလတွင် ၉,၁၆၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း DGHS က ပြောကြားခဲ့သည်။
ဇူလိုင်လတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁,၅၇၁ ဦး ရှိလာခဲ့ပြီး ဩဂုတ်လတွင်မူ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃,၅၂၁ ဦး ရှိခဲ့ကြောင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ အတည်ပြုအရေအတွက်မှာ ယခုနှစ်တွင် ၁၅,၃၄၆ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း DGHS ထံမှ သိရသည်။ (Xinhua)
——————————–
Over 9,000 cases of dengue reported in Bangladesh in September
Over 9,000 fresh cases of dengue fever were reported in Bangladesh so far this month, resulting in the deaths of 34 people, the Directorate General of Health Services (DGHS) said on Wednesday.
The official data showed a total of 524 people were hospitalized for the mosquito-borne disease in the past 24 hours as of 8:00 a.m. local time Wednesday, the highest number in a single day so far this year.
According to the DGHS under the Ministry of Health, 373 people were diagnosed with dengue in Dhaka alone.
With the fresh infections reported Wednesday, the number of dengue cases in the country has surged to 9,165 so far this month, the DGHS said.
In August, 3,521 more dengue cases were recorded after 1,571 people were infected with the viral disease in July. According to the DGHS, the number of confirmed dengue cases in Bangladesh has reached 15,346 this year.
Xinhua News Agency correspondents reporting from Dhaka.
(XHTV)