ပေကျင်း ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီ ကိုယ်စား ပေကျင်းမြို့၌ ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် ဧည့်ခံပွဲတစ်ခု၌ တရုတ်နိုင်ငံသားများအားလုံးကို နွေဦးပွဲတော်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဖူကျန့်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် မော်တော်ကား အစီးရေ ၂၉၀ ကို တင်ဆောင်လာသော ကုန်တင်ရထားသစ်တစ်စင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် နင်တယ်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဦးတည်ထွက်ခွာသွားခဲ့သည်။ အဆိုပါ ရထားသည် နင်တယ်မြို့မှ ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်း ဖြစ်သည်။
ခတ္တမန္ဒူ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အလယ်ပိုင်း Tanahu ရေအားလျှပ်စစ်စီမံကိန်း၏ ရေထွက်ပေါက်ဥမင် ကွန်ကရစ်အခင်းတည်ဆောက်ခြင်းသည် ဇန်နဝါရီ ၁၈ ရက်တွင် ပြီးစီးခဲ့ရာ နောက်ဆက်တွဲလုပ်ငန်းများအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချနိုင်ခဲ့သည်။ ရေထွက်ပေါက်ဥမင်ကို စုစုပေါင်း အရှည် ၂၁၀ မီတာ၊ ဆင်ခြေလျှော ၈.၄၄ ရာခိုင်နှုန်းဖြင့်...
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) မြန်မာပရိသတ်များ တရုတ်နှစ်ကူးပွဲတော်အကြောင်းကို သိရှိနားလည်စေကာ တရုတ်ရိုးရာယဉ်ကျေးမှုအကြောင်းကို ခံစားလေ့လာနိုင်ပြီး မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေမည်ဟု မျှော်လင့်ကြောင်း ယုန်နှစ် နွေဦးနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms.Xu Ling က အထက်ပါအတိုင်း ပြောကြားခဲ့သည်။ (Xinhua)
မော်စကို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံတွင် ဇန်နဝါရီ ၁၈ ရက် ညနှောင်းပိုင်းက မင်းသုံးပါးနေ့ (Orthodox Epiphany) ပွဲတော်ကျင်းပရန် မြစ်များနှင့် ရေကန်များသို့ လာရောက်ကြသူများပြားခဲ့သည်။အဆိုပါပွဲတော်ကို ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပခြင်းဖြစ်သော်လည်း လူအများက ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း၌...
ပေကျင်း ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) “နှစ်သစ်ကူးနွေဦးပွဲတော်မှာ ပျော်ရွှင်ပါစေ”ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူး သို့မဟုတ် ယုန်နှစ်အတွက် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကုလသမဂ္ဂ နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ပံ့ပိုးကူညီမှုတို့နှင့်အတူ အားကောင်းသော မိတ်ဖက်ဆောင်ရွက်မှုများအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ...
ဝူးလူမုချီ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကြီးဆုံးငါးဖမ်းလုပ်ငန်းဖြစ်သော ပေါ်စစ်ထန် ရေကန်တစ်ဝိုက် နေထိုင်ကြသည့် ငါးဖမ်းသူများ၏ ပျော်ရွှင်စွာ ငါးဖမ်းနေကြသောမြင်ကွင်းကို တွေ့မြင်ရသည်။ (Xinhua) ———————– Winter fish harvest at Xinjiang’s inland freshwater...
ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးဖြစ်သော C919 လေယာဉ်အား ဝယ်ယူရန် ၂၀၂၂ ခုနှစ် နှစ်မကုန်မီအထိ ဝယ်သူ ၃၂ ဦးထံမှ အမှာစာအရေအတွက်ပေါင်း ၁,၀၃၅ ခုရရှိထားကြောင်း ရှန်ဟိုင်း သိပ္ပံနှင့် နည်းပညာကော်မရှင်အရ သိရသည်။
ကျန်းကျားကျဲ့၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ ကျန်းကျားကျဲ့၏ နှစ်သက်ကြည်နူးဖွယ်ရာ ဆောင်းရာသီ ဆီးနှင်းအလှ မြင်ကွင်းများကို တွေ့မြင်နိုင်သည်။ (Xinhua) —————————– Enchanting snow-capped scenery in China’s Zhangjiajie Enjoy the enchanting winter scenery...
ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည့်အပေါ် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အသေးစိတ်အစီအစဉ်များကို တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ဖေဖော်ဝါရီ...