Connect with us

Media

အနယ်နယ် အရပ်ရပ်ရှိ ဘုရားစေတီ ပုထိုးများနှင့် နေအိမ်၊ လမ်းများတွင် အဘိဓမ္မာ အခါတော်နေ့ ဆီမီးထွန်းညှိ ပူဇော်

နေပြည်တော်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင် မြတ်စွာဘုရားရှင်အား ရည်မှန်းကာ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များ ကပ်လှူပူဇော်လေ့ရှိကြသည်။ ဘုရားကျောင်းကန်၊ စေတီ၊ ပုထိုးများနှင့် နေအိမ်များ၊ လမ်းများတွင် မီးထွန်းပွဲတော် ဆင်နွှဲကြလေ့ရှိသည်။ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင်လည်း ဘုရားဖူး ပြည်သူအများအပြား လာရောက်ကာ ကုသိုလ်ပြု ဆီမီးထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။ (Xinhua)