Connect with us

Videos

တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်မှု၊ တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိသော လမ်းကြောင်းသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝမ်ရိ ပြောကြား

ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် အောက်တိုဘာ ၂၆ ရက်က ဝါရှင်တန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ သတင်းမီဒီယာတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ဝမ်ရိက ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ရခြင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ ဇွန်လက တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ်အပေါ် အပြန်အလှန်အားဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံသည် ကွဲလွဲမှု၊ သဘောထားမတိုက်ဆိုင်မှုများရှိသည့် တစ်ချိန်တည်းတွင်ပင် နှစ်နိုင်ငံ၌ အဓိကဘုံအကျိုးစီးပွားများ ရှိရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန် လိုအပ်ကြောင်း ၊ ထို့အတွက် တရုတ်-အမေရိကန် နိုင်ငံတို့သည် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်ဆောင်ရွက်သင့်ရုံသာမက ထဲထဲဝင်ဝင် တွေ့ဆုံဆွေးနွေးမှု ၊ ဘက်စုံတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်ရမည် ဖြစ်သလို နားလည်မှုလွဲ၍ ဆုံးဖြတ်ချက်မှားချမှတ်ခြင်းများကို လျှော့ချရမည် ဖြစ်ကြောင်း၊ သဘောတူညီမှုများကို ကျယ်ပြန့်အောင် စဉ်ဆက်မပြတ် ကြိုးပမ်း၍ အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ထိုးကျနေမှုကို ရပ်တန့်အောင်နှင့် ပြန်လည် တည်ငြိမ်အောင် နှင့် ကောင်းမွန်မှု၊ တည်ငြိမ်မှု ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိသော လမ်းကြောင်းသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အစဉ်အမြဲ အနှောင့်အယှက်စကားသံများ ရှိတတ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက တည်ငြိမ်အေးဆေးစွာ သဘောထားကြောင်း ၊ အဘယ်ကြောင့်ဆိုသော် မိမိတို့အနေဖြင့် အမှားအမှန် ခွဲခြားသည့် စံချိန်မှာ မည်သူ အင်အားကြီးမကြီး၊ မည်သူ အသံကျယ်စွာ ပြောနိုင်မပြောနိုင်ကို ကြည့်ရှုရမည်မဟုတ်ဘဲ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်၏ သတ်မှတ်ချက်များကို လေးစားလိုက်နာမှု ရှိမရှိ၊ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများနှင့်ကိုက်ညီ ရှိမရှိ၊ ခေတ်ကာလဖွံ့ဖြိုးတိုးတက်သည့်ရေစီးကြောင်းနှင့်လျော်ညီမှု ရှိမရှိကိုသာ ကြည့်ရမည် ဖြစ်ကြောင်း ၊ လက်တွေ့ဖြစ်ရပ်က သက်သေပြသွားမည်ဖြစ်သလို သမိုင်းက တရားမျှတသည့် အကဲဖြတ်မှုပေးမည်ဟု မိမိတို့အနေဖြင့် ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

—————————-
王毅:推动中美关系尽快回到健康、稳定、可持续发展轨道
新华社华盛顿10月26日电当地时间10月26日,中共中央政治局委员、外交部长王毅在华盛顿会见美国国务卿布林肯。会见前,双方简短会见记者。
王毅说,这次应邀访美是对布林肯国务卿6月访华的回访。中美两个大国有分歧,有矛盾,同时两国也有重要共同利益,有需要共同应对的挑战。为此,中美需要对话,不仅应恢复对话,还要深入对话,全面对话,通过对话增进相互了解,减少误解误判,不断寻求扩大共识,开展互利合作。推动两国关系止跌企稳,尽快回到健康、稳定、可持续发展轨道。
王毅表示,中美关系中总会出现一些杂音,中方对此淡然处之。因为我们认为,判断是非的标准不是看谁胳膊粗、谁嗓门大,而是要看是否遵循了中美三个联合公报的规定,是否符合国际法和国际关系基本准则,是否顺应了时代发展进步的潮流。我们相信,事实会证明一切,历史会给出公正的评价。
1. 10月26日,中共中央政治局委员、外交部长王毅在应邀访美期间在华盛顿同美国国务卿布林肯举行会谈。