Connect with us

Videos

ရှန်ကျိုး-၁၇ အာကာသယာဉ်မှူးများ အာကာသစခန်းအတွင်း ဝင်ရောက်၊ တာဝန်လွှဲပြောင်းခြင်းလုပ်ငန်း လေးရက်အတွင်း ပြီးစီးမည်

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၇ အာကာသယာဉ်နှင့် လိုက်ပါသွားသော အာကာသယာဉ်မှူး ၃ ဦးတို့သည် အာကာသစခန်းအတွင်း ဝင်ရောက်သွားခဲ့ပြီဖြစ်ကာ အောက်တိုဘာ ၂၇ ရက်တွင် အခြားအာကာသယာဉ်မှူး ၃ ဦးနှင့် တွေ့ဆုံခဲ့ပြီး ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း တာဝန်လွှဲပြောင်းမှုအသစ်များ စတင်နေပြီဖြစ်ကြောင်း သိရသည်။ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများသည် ပေကျင်းစံတော်ချိန် ည ၇:၃၄ နာရီတွင် အာကာသယာဉ်တံခါးပေါက် ဖွင့်လှစ်ခဲ့ပြီး အာကာသစခန်းရှိ အာကာသယာဉ်မှူး ၃ ဦးက အသစ်ရောက်ရှိလာသူများကို ကြိုဆိုကာ အဖွဲ့လိုက်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ရှန်ကျိုး-၁၇ မစ်ရှင် ခေါင်းဆောင် ထန်းဟုန်ပေါသည် ရှန်ကျိုး-၁၂ မစ်ရှင် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လွှတ်တင်ခဲ့ချိန် ၂၀၂၁ ခုနှစ် ဇွန်လက တရုတ်အာကာသစခန်းထံရောက်ရှိခဲ့သော ပထမဆုံး တရုတ်အာကာသယာဉ်မှူးများအနက် တစ်ဦးအဖြစ် သမိုင်းဝင်အခိုက်အတန့်ကို ကြုံတွေ့ဖူးသူဖြစ်သည်။
အာကာသယာဉ်မှူးနှစ်ဖွဲ့သည် တရုတ်အာကာသစခန်း၌ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အာကာသယာဉ်မှူးများ တတိယအကြိမ်မြောက် အလှည့်ကျတာဝန်လွှဲပြောင်းမှု စတင်ခြင်းလည်း ဖြစ်သည်။

အဆိုပါ အာကာသယာဉ်မှူး ၆ ဦးတို့သည် စီစဉ်ထားသော တာဝန်များနှင့် တာဝန်လွှဲပြောင်းခြင်းလုပ်ငန်း ပြီးစီးရန် အချိန် လေးရက်ခန့် အတူတကွ နေထိုင်ကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီအရ သိရသည်။ (Xinhua)

………………………………
Shenzhou-17 astronauts enter space station, complete handover in four days
BEIJING, Oct. 26 (Xinhua) — The three astronauts aboard China’s Shenzhou-17 spaceship have entered the country’s space station and met with another astronaut trio on Thursday, starting a new round of in-orbit crew handover.
The Shenzhou-16 crew opened the hatch at 7:34 p.m. (Beijing Time). The three space station occupants greeted the new arrivals, and they took group pictures.
Tang Hongbo, commander of the Shenzhou-17 mission, experienced the historic moment as one of the first Chinese astronauts to China’s space station in June 2021 when launched into orbit on the Shenzhou-12 mission.
The space get-together of the two crews kicked off the third in-orbit crew rotation in China’s space station.
According to the China Manned Space Agency, the six astronauts will live and work together for about four days to complete planned tasks and handover work.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.