ထျန်းကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထျန်းကျင်းတွင် ကျင်းပနေသည့် ၅ ကြိမ်မြောက် World Intelligence Congress ၌ 5G ကွန်ရက်နည်းပညာ၊ စမတ်နည်းပညာသုံးစွဲခြင်းနှင့် အသိဉာဏ်ထည့်သွင်းထားသည့် သယ်ယူပို့ဆောင်ရေးများယာဉ်များ စသည်တို့ကို ဆင်ဟွာသတင်းဌာနမှ သွားရောက်လေ့လာမေးမြန်းရိုက်ကူးထားပါသည်။ (Xinhua)
ဟူနန်၊ မေ ၂၀ ရက် (ဆင်ဟွာ) Xiangtan တက္ကသိုလ်နေကျောင်းသားများအတွက် အဆောင်များဆီသို့ ပစ္စည်းများတိုက်ရိုက်ပို့ဆောင်ပေးသည့်ဝန်ဆောင်မှုကို အလိုအလျောက်မောင်းပစ္စည်းပို့ယာဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းယာဉ်များသည် မီးပွိုင့်အချက်ပြစနစ်များကို လိုက်နာနိုင်ပြီး အတားအဆီးများအား လှည့်ပတ်၍ ကျော်လွှားမောင်းနှင်နိုင်သည်။ယာဉ်ပေါ်တွင် ကုန်ပစ္စည်း ၅၀၀ ကီလိုဂရမ်ခန့်တင်ဆောင်နိုင်ပြီး တစ်နာရီလျှင် ၄၀ ကီလိုမီတာမြန်နှုန်းဖြင့်မောင်းနှင်နိုင်သည်။ (Xinhua)
ဆန်းရှီး၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းဆန်းရှီးပြည်နယ် ရှီအန်းမြို့တွင် အသစ်ဖွင့်လှစ်ထားသည့် ပြတိုက်တစ်ခုတွင် သက်တမ်း နှစ်ပေါင်း ၂,၂၀၀ ရှိ ကြေးဖြင့်ပြုလုပ်ထားသော စစ်မြင်းရထားနှစ်စင်းနှင့်မြင်းအရုပ်များကို ခင်းကျင်းပြသထားသည်။၎င်းကြေးရုပ်များသည် ချင်မင်းဆက် (ဘီစီ ၂၂၁ မှ -၂၀၇ ဘီစီ) ကတည်းက သွန်းလုပ်ထားသော ရုပ်တုများဖြစ်ရာ သမိုင်း၊နည်းပညာနှင့်အနုပညာဆိုင်ရာအရည်အသွေးမြင့်...
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်တို့သည် ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် အဏုမြူစွမ်းအင်စီမံကိန်း စက်ရုံတည်ဆောက်မှု ဖွင့်ပွဲအားရုပ်သံလင့်မှတစ်ဆင့်ကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်းစုပြည်နယ်နှင့် လျောင်နင်းပြည်နယ် နှစ်ခုတွင်တည်ရှိသော အဏုမြူစွမ်းအင်ထုတ်လုပ်ရေးစက်ရုံ နှစ်ခုရှိ ဓါတ်ပေါင်းဖို၄ ခုအားတရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း သည် နှစ်နိုင်ငံ အကြား ဦးစားပေး ပူးပေါင်းဆောင်ရွက်မှုရှိသည့်စီမံကိန်းတစ်ခုဖြစ်သည်။ ၂၀၁၈...
ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့ Fengtai ခရိုင်တွင် စပါးစိုက်ပျိုးခြင်းနည်းစနစ်ကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကလေးငယ်များအား ကိုယ်တိုင်စပါးစိုက်ပျိုးလေ့လာစေခဲ့သည်။ ထိုလှုပ်ရှားမှုသည် ကျေးလက်ဒေသ ပြန်လည်သက်ဝင်စေရေး လှုပ်ရှားမှုအစီအစဉ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လူငယ်များအကြား လက်တွေ့သင်ကြားပေးခြင်းဖြင့် ကျေးလက်ဒေသ ခရီးသွားလာမှုမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)
ဂါဇာ၊ မေ ၁၉ ရက် (ဆင်ဟွာ) ဂါဇာမြို့လယ်ခေါင်တွင် အစ္စရေးတို့၏ လေကြောင်းမှပစ်ခတ်မှုကြောင့် ပျက်စီးကြေမွသွားသည့် လူနေအိမ်ရာများကို ဆင်ဟွာသတင်းထောက်မှသွားရောက်ရိုက်ကူးတင်ဆက်ထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ရှန်ဟိုင်း၊ မေ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်း၌ ရောင်ခြည်လှိုင်းသေးငယ်ပြီး အီလက်ထရွန်ကင်းစင်သည့် x-ray လေဆာ SXFEL စနစ်အား ယခုနှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ SXFEL မှာ တရုတ်နိုင်ငံတွင် ပထမဆုံး အီလက်ထရွန်ကင်းစင်သည့် X-ray လေဆာ အမျိုးအစားဖြစ်ပြီး အလင်းအရင်းအမြစ်၏ စတုတ္ထမျိုးဆက်ဟုလည်း...
တိဘက်၊ မေ ၁၈ ရက် (ဆင်ဟွာ) တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ္ဘာ့အနက်ဆုံး Yarlung Zangbo ချောက်ကြီးကို ဖြတ်သန်းကာ ၇ နှစ် နီးပါးခန့် အချိန်ယူ ဖောက်လုပ်ခဲ့ရသည့် အဝေးပြေးလမ်းမကြီးသည် စနေနေ့က ဖောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။ ၆၇.၂၂ ကီလိုမီတာအရှည်ရှိသော လမ်းပိုင်း၏ အဓိက အစိတ်အပိုင်း အဖြစ် ၂,၁၁၄မီတာ...
ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac COVID-19 ကာကွယ်ဆေးများသည် ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် တနင်္လာနေ့က ရောက်ရှိလာခဲ့သည်။ ထိုင်းနိုင်ငံသည် COVID-19 ကပ်ရောဂါ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရသည်။ တနင်္လာနေ့အထိ ထိုင်းနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ အသစ် ၉၆၀၀...
လန်ကျိုး၊ မေ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်း တောတောင်ထူထပ်သည့်ဒေသတွင်နေထိုင်သော အိမ်ထာင်စု ၁၂ ခု အတွက် တရုတ် ကောင်တီအစိုးရအာဏာပိုင်များက ဆက်သွယ်ရေးအခြေစိုက်စခန်းတစ်ခုကို အချိန် ၄ ရက်အတွင်းအပြီးတည်ဆောက် ပေးခဲ့ကြောင်းသိရသည်။ ကန်းစုပြည်နယ် ဟွေ့နင်းကောင်တီ လွီကော ကျေးရွာတွင် ဝမ်ကောင်းတုန်း ဆိုသူသည် မိုဘိုင်းဖုန်းလိုင်းပင်မမိသည့်အခြမ်းတွင်နေထိုင်ရသူဖြစ်သည်။...