Connect with us

Media

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ မိုးရွာသွန်းမှုကြောင့် အုတ်နံရံပြိုကျကာ လူ ၈ ဦး သေဆုံး ၊ ၄ ဦး ပျောက်ဆုံးနေ

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Rawalpindi မြို့၌ ဇူလိုင် ၁၉ ရက်က မိုးရွာသွန်းမှုကြောင့် အုတ်နံရံပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၈ ဦးထက်မနည်း သေဆုံးကာ ၄ ဦး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် ယင်းနေ့ နံနက်ပိုင်းတွင် Rawalpindi မြို့ Golrah Mor နယ်မြေအတွင်းရှိ Peshawar လမ်းပေါ်၌ တည်ဆောက်ဆဲ မြေအောက်လမ်းကူးအနီးရှိ အုတ်နံရံသည် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

သေဆုံးသူများသည် အုတ်နံရံဘေး ရွက်ဖျင်တဲအောက်တွင် အိပ်ပျော်နေကြသည်ဟု ဆိုသည်။ (Xinhua)

………………………..
(English Version)
8 killed, 4 missing as wall collapses in rain in Pakistan’s Punjab
At least eight people were killed and four went missing on Wednesday after a wall collapsed due to rain in Rawalpindi city of Pakistan’s eastern Punjab province, the rescue service reported.
The rescue service said that the incident took place in the morning on Peshawar Road in the Golrah Mor area of the city when the wall near an under-construction underpass collapsed.
The victims were sleeping along the wall under a tent, it added.
Xinhua News Agency correspondents reporting from Islamabad.(XHTV)