Connect with us

Media

တရုတ်နိုင်ငံ၏ ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှုက အာရှ-ပစိဖိတ်ဒေသတိုးတက်မှုကို မြှင့်တင်ပေး

မနီလာ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးသည် အာရှ-ပစိဖိတ်ဒေသအတွင်း တိုးတက်မှုကို မြှင့်တင်ပေးလျက်ရှိပြီး ယင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုအလားအလာကို ၄.၈ ရာခိုင်နှုန်းထိန်းထားလျက်ရှိကြောင်း အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (ADB) မှ ဇူလိုင် ၁၉ ရက်က ထုတ်ပြန်ထားချက်အရ သိရသည်။

အာရှဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက် (ADO) က တရုတ်နိုင်ငံ၏ စီပွားရေးကို ယခုနှစ်အတွင်း ၅ ရာခိုင်နှုန်း ကျယ်ပြန့်လာမည်ဟု ခန့်မှန်းထားကြောင်း ယင်းခန့်မှန်းချက်မှာ ဧပြီလခန့်မှန်းချက်နှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးဆဲအာရှဒေသတွင် ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်မှလွဲ၌ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၄၆ နိုင်ငံ ပါဝင်သည်။

“ဒေသရဲ့ လာမယ့်နှစ်အတွက် စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကတော့ ဧပြီလက ခန့်မှန်းထားတဲ့ ၄.၈ ရာခိုင်နှုန်းကနေ ၄.၇ ရာခိုင်နှုန်းအထိ နည်းနည်းလေး ကျဆင်းသွားပါတယ်” ဟု ADB အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယခုနှစ်တွင် ဖွံ့ဖြိုးဆဲအာရှဒေသရှိ ငွေကြေးဖောင်းပွမှာ ၃.၆ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ် ကာလတူက ၄.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အတွက်မူ ၃.၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s demand, investment bolster growth in Asia-Pacific: ADB
MANILA, July 19 (Xinhua) — China’s economy is bolstering the growth in Asia and the Pacific, with the growth outlook for developing economies in the region maintaining at 4.8 percent, according to the updated outlook report by the Asian Development Bank (ADB) released on Wednesday.
The latest Asian Development Outlook (ADO) forecasts China’s economy to expand 5 percent this year, unchanged from the April forecast.
Developing Asia groups 46 economies in the Asia-Pacific region, excluding Japan, Australia and New Zealand.
“The region’s growth forecast for next year is marginally revised down to 4.7 percent from a 4.8 percent estimate in April,” said the ADB report.
Inflation in developing Asia is forecast at 3.6 percent this year, compared with an April forecast of 4.2 percent. Meanwhile, the inflation outlook for 2024 is raised to 3.4 percent.
Photo: File photo taken on Sept. 16, 2008 shows the logo of the Asian Development Bank (ADB) at its headquarters in Manila, capital of the Philippines. (Xinhua/Liu Hua)