Connect with us

Media

တရုတ်ရထားပြုပြင်ထိန်းသိမ်းရေးစက်ယန္တရားထုတ်လုပ်သူက ပြည်ပဈေးကွက်များအတွင်းသို့ ထိုးဖောက် ဝင်ရောက်

ကူမင်း ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

တရုတ်ရထားပြုပြင်ထိန်းသိမ်းရေး စက်ယန္တရားထုတ်လုပ်ရေးကုမ္ပဏီက ၎င်းတို့၏ ထုတ်ကုန်များမှာ အိန္ဒိယ ၊ အင်ဒိုနီးရှား နှင့် တောင်ကိုရီးယားနိုင်ငံတို့အပါအဝင် နိုင်ငံ နှင့် ဒေသ ၂၂ ခုတွင် ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုလက်ခံခြင်းဖြင့် ပြည်ပဈေးကွက်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့စွန်၌ တည်ရှိသည့် CRCC High-Tech Equipment ကုမ္ပဏီသည် အိန္ဒိယနိုင်ငံသို့ ရထားပြုပြင်ထိန်းသိမ်းရေးစက်ယန္တရားများ ပေးပို့ခြင်းဖြင့် အလုပ်များလျက် ရှိနေကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Chinese railway maintenance machinery manufacturer tapping into overseas markets
A Chinese railway maintenance machinery manufacturer has tapped into overseas markets with its products widely welcomed in 22 countries and regions, including India, Indonesia and South Korea.
CRCC High-Tech Equipment Co., Ltd. (CRCCE), located in the suburb of Kunming, southwest China’s Yunnan Province, is busy with sending railway maintenance machinery to India.
Xinhua News Agency correspondents reporting from Kunming, China.(XHTV)