ပေကျင်း၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) တစ်နာရီလျင်ကီလိုမီတာ ၃၅ဝ အမြန်နှုန်းနှင့်မောင်းနှင်မည့် ကျည်ဆံရထားတရုတ်နိုင်ငံဖူရှင်းတွင် ဧပြီလ ၁ဝရက်နေ့ကတည်းက စတင်ပြေးဆွဲလျက်ရှိပြီဖြစ်သည်။ ပေကျင်းနှင့်ရှန်ဟိုင်း၊ ပေကျင်းနှင့် ထျန်းကျင်းတို့ကို နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်သည်။ ထိုရထားများကို ဒီဇိုင်းထုတ်လုပ်ခြင်းနှင့်ရထားတွဲတပ်ဆင်ခြင်းအားလုံး တရုတ်ပြည်တွင်း ၌သာ ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းမှာ ကမ္ဘာ့အမြန်ဆုံးလုပ်ငန်းသုံးကျည်ဆန်ရထားအမျိုးအစား ဖြစ်လာသည်။ ၂ဝ၁၇ခုနှစ်ဇွန်လက စမ်းသပ်ပြေးဆွဲမှုပြုလုပ်ခဲ့ပြီးနောက် ၎င်းကျည်ဆန်ရထားကို...
အယ်လ်ဂျီးယား၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားမြို့ တောင်ဘက် ၃၀ ကီလိုမီတာအကွာရှိ Boufarik တပ်မတော်လေဆိပ်၌ ဧပြီလ ၁၁ ရက် နံနက်အစောပိုင်းက စစ်လေယာဉ် တစ်စင်း ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၅၇ ဦး ရှိလာပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။...
ဘိုးအောက်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်သောကမ္ဘာကြီးဆီသို့မိမိတို့ချီတက်ရာတွင် စစ်အေးတိုက်ပွဲဖြစ်ပွားခြင်းနှင့် နှစ်ဦးနှစ်ဖက်အကျိုးစီးပွားပျက်စီးစေမည့်သဘောထားအမြင်များ အတွက်နေရာမရှိကြောင်း သမ္မတရှီကျင့်ဖိန်ကဆိုသည်။ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်စေရန် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းများကသာ အောင်မြင်မှုရလဒ်ကိုဖော်ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း ၂ဝ၁၈ ခုနှစ် ဘိုးအောက်ဖိုရမ်အဖွင့်မိန့်ခွန်းတွင်သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။(Xinhua)
ဘိုးအောက်၊ဧပြီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်တွင် သွင်းကုန်တင်ပို့မှုများကိုကျယ်ပြန့်စွာခွင့်ပြုပေးမည့်အပြင် သွင်းကုန်တင်ပို့သည့် ယာဉ်များနှင့်အခြားထုတ်ကုန်များတွင်ကျသင့်သည့်အခွန်အခများ ကို သိသာစွာလျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်းသမ္မတရှီကျင့်ဖိန်က ယနေ့တွင် ပြုလုပ်သည့် ၂ဝ၁၈ ခုနှစ် ဘိုးအောက်ဖိုရမ်အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။(Xinhua)
ဘိုးအောက်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့်ဆယ်စုနှစ် ၄ ခုကြာ ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းသည့်တံခါးဖွင့်ဝါဒကို ကျင့်သုံးခဲ့ပြီး အောင်မြင်မှုများကိုရရှိခဲ့ကြောင်း၊ ၎င်းမူဝါဒများမှာ ပြည်သူများဖွံ့ဖြိုးတိုးတက်မှု၊ တစ်ကမ္ဘာလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့်ငြိမ်းချမ်းရေးအတွက် အထူးအထောက်အကူပြုကြောင်း သမ္မတရှီကျင့်ဖိန်က ဘိုးအောက်တွင်နှစ်စဉ်ကျင်းပသည့် ၂ဝ၁၈ ဘိုးအောက်ဖိုရမ်အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)
ဘိုးအောက်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၊ ဘိုးအောက်တွင်ကျင်းပလျက်ရှိသည့် ၂ဝ၁၈ ဘိုးအောက် ဖိုရမ်ဖွင့်ပွဲတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကာကွယ်ခြင်းကိုအထူးအလေးထား လျက်ရှိကြောင်းပြောကြားခဲ့သည်။ နိုင်ငံခြားကုမ္ပဏီများ သာမက အခြားတရုတ်ကုမ္ပဏီများတွင်ပင်အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကိုကြပ်မတ်စွာကာကွယ်ရန် အတွက်အထူးလိုအပ်ကြောင်းသမ္မတရှီကဆိုသည်။(Xinhua)
ဘိုးအောက်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) ပြီးခဲ့သည့် နှစ်ပေါင်း ၄ဝ ကာလအတွင်း တရုတ်နိုင်ငံ၏ နှစ်စဉ် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ၉.၅ရာခိုင်နှုန်းအထိ တိုးတက်မှုရရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၄.၅ ရာခိုင်နှုန်းခန့်အထိတိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသားပေါင်းသန်း ၇ဝဝ ကျော်ကို ဆင်းရဲတွင်းမှ ကယ်တင်ပေးနိုင်ခဲ့ကြောင်း ဘိုးအောက်တွင်ကျင်းပလျက်ရှိသည့်...
ဟိုင်နန်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) အာရှတိုက်တွင်ကျင်းပလျက်ရှိသည့် ဘိုးအောက်ဖိုရမ်စတင်ကျင်းပသည့်အချိန်ကတည်းက အာရှတိုက်နှင့် တစ်ကမ္ဘာလုံးအကျိုးစီးပွားဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများနှင့် အခြားအဖိုးတန်သည့် ဘိုးအောက် အဆိုပြုလွှာများစွာကို တင်သွင်းခဲ့ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ဘိုးအောက်ဖိုရမ်က အဆိုပြုလွှာများတွင် အာရှတိုက်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကဏ္ဍမြှင့်တင်မှုနှင့် အကျိုးစီးပွားများကို မျှဝေခံစားနိုင်မည့် အဆင့်မြင့် အသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်ရန်တို့ပါဝင်ကြောင်း သမ္မတရှီကဆိုသည်။(Xinhua)
ဘိုးအောက်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဟိုင်နန်ပြည်နယ် ဘိုးအောက်တွင်ကျင်းပလျက်ရှိသည့် ၂ဝ၁၈ ဘိုးအောက် ဖိုရမ်ဖွင့်ပွဲတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားခဲ့သည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှုနိုင်ကြပါသည်။(Xinhua)
ရှန်ဟိုင်း၊ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဟိုင်း Jiaotong တက္ကသိုလ် ရှိ သုတေသီများက ခြေချောင်းများတပ်ဆင်ထားသော ကယ်ဆယ်ရေးစက်ရုပ်ကို တီထွင်ခဲ့ကြောင်း သိရသည်။အလေးချိန် ၃ဝဝ ကီလို ဂရမ် ကို သယ်ဆောင်နိုင်ပြီး အကွာအဝေး တစ်နာရီလျင် ၁.၂ ကီလိုမီတာနှုန်းဖြင့်သွားလာနိုင်သည့် အဆိုပါ ခြေချောင်းများပါဝင်သည့် စက်ရုပ်ကို တရုတ်သုတေသီများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို...