Connect with us

Media

ပေကျင်းအိုလံပစ်ပြိုင်ပွဲ ကြီးကျယ်ခမ်းနားစွာ အောင်မြင်လိမ့်မည်ဟု စင်ကာပူ အားကစား ကိုယ်စားလှယ်ဆို

စင်ကာပူ ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မကြာခင်ကျင်းပ‌တော့မည့် ပေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသည် ကြီးကျယ်ခမ်းနားစွာ အောင်မြင်လိမ့်မည်ဟု စင်ကာပူအားကစားအဖွဲ့အစည်း၏ ကိုယ်စားလှယ်က ဆန္ဒမွန်ဖြင့် ပြောဆိုခဲ့သည်။

စင်ကာပူ အားကစားအဖွဲ့အစည်း၏ ကိုယ်စားလှယ်က ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသည် ကြီးကျယ်ခမ်းနားစွာ အောင်မြင်လိမ့်မည်ဟု မကြာခင်ကျင်းပတော့မည့် အားကစားပွဲကို ကြိုဆိုဂုဏ်ပြုသည့် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဆန္ဒပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

စင်ကာပူ စားပွဲတင်တင်းနစ်အသင်း (STTA) ၏ ဥက္ကဌလည်းဖြစ်၊ ပါလီမန်အဖွဲ့၀င်ဟောင်းလည်း ဖြစ်သည့် Ellen Lee က တရုတ်အစိုးရနှင့် ပြည်သူများသည် အဆင့်မြင့်အားကစားကွင်းများနှင့် အားကစားရုံများတည်ဆောက်ကာ အားကစားပွဲအတွက် အပြည့်အ၀ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းကို ချီးကျူးစကား‌ဆိုခဲ့သည်။

ပေကျင်း‌‌ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသည် အောင်မြင်မှုရလိမ့်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း လီက ပြောခဲ့သည်။

စင်ကာပူနိုင်ငံသား စားပွဲတင်တင်းနစ်အားကစားသမား Clarence Chew ကလည်း ဆောင်းရာသီအိုလံပစ်အားကစားသမားများသည် ပြိုင်ပွဲတွင် မော်ကွန်းတင်ထိုက်လောက်သည့် အကောင်းဆုံးရလဒ်တွေရပါစေဟု စိတ်ရင်းနှင့် ဆုတောင်းပေးခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါအခြေအနေက စိတ်မချရသေးပေမဲ့လည်း ကစားသမားတွေနဲ့ ပွဲစီစဉ်သူတွေအတွက် စိတ်အေးလက်အေးနဲ့ အောင်မြင်တဲ့ပွဲစဉ်တွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

တကယ်တော့ ကျွန်တော်တို့ အားကစားသမားတွေဟာ ပြိုင်ပွဲ၀င်ဖို့နဲ့ ရလဒ်ကောင်းတွေ မှတ်တမ်းတင်နိုင်ဖို့ နေ့စဉ်ပြင်းပြင်းထန်ထန် လေ့ကျင့်ရပါတယ်။ ကျွန်တော်တို့အားလုံး ပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်နိုင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။

အားကစားသမားတွေဟာ စိတ်နေစိတ်ထားနဲ့ ခံယူချက် ကောင်းမွန်ပြီး လူမှုဆက်ဆံရေးမှာလည်း လိုက်လျောညီထွေရှိရင် (သို့မဟုတ်) အန္တရာယ်ကင်းစွာ စဉ်းစားဆောင်ရွက်တတ်ရင် အောင်မြင်မှုကို ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

ကမ္ဘာပေါ်က အကောင်းဆုံး အားကစားသမားတွေနဲ့အတူကစားပြီး အပြန်အလှန်အကျိုးပြုဖို့ အခွင့်အရေးရှိတဲ့ ဒီအားကစားပွဲဟာ ကိုယ်တိုင်အတွက်ရော၊ အားကစားနဲ့ အသက်မွေး၀မ်းကျောင်းပြုသူတိုင်းအတွက်ပါ တကယ်ကို အကျိုးရှိစေမှာပါ”  (Xinhua)

……………………….
(English Version)

Representatives from the Singapore sports community expressed best wishes that the upcoming Beijing Winter Olympics will be a great success. #GLOBALink

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.