Connect with us

Media

တရုတ်နိုင်ငံ၊ ကန်းစုပြည်နယ်ရှိ တိဗက် ပိုင်မာလူမျိုးများ၏ ထူးခြားဆန်းပြားလှသော မင်္ဂလာပွဲ

ကန်းစု၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

နှစ်သစ်ကူးစတင်လာသည်နှင့်အမျှ တရုတ်နိုင်ငံ အနောက်မြောက်ဘက် ကန်းစုပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် ပိုင်မာ လူမျိုးများက ရိုးရာဓလေ့ထုံးစံအရ မင်္ဂလာပွဲတစ်ခုကို ကျင်းပခဲ့သည်။
ပိုင်မာလူမျိုးများကို တိဗက်လူမျိုးနွယ်ဝင်အဖြစ် ထည့်သွင်းထားသဖြင့် ပိုင်မာတိဗက်လူမျိုးများဟုလည်းခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာစကားနှစ်မျိုးလုံး၌ တစ်ချို့သောစကားလုံးများက တူညီနေသည့်အပြင် တိဗက်လူမျိုးများနေထိုင်သော ဒေသအနီးတွင် နေထိုင်ကြသောကြောင့်ဖြစ်သည်။
တစ်နိုင်ငံလုံးတွင် လူဦးရေ ၂၀,၀၀၀ ဝန်းကျင်ရှိသည့် ပိုင်မာ တိဗက် လူမျိုးများသည် ပန်ဒါကြီးမျိုးများ နေထိုင်ရာ ကန်းစု ပြည်နယ်နှင့် ၄င်း၏ အနီးဝန်းကျင် စီချွမ်းပြည်နယ်တို့တွင် အဓိကနေထိုင်ကြသည်။
တမူထူးခြားလှသော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် လှပသော သဘာဝရှုခင်းများ၊ ထူးခြားသော ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပိုင်မာလူမျိုးများသည် ဆင်းရဲနွမ်းပါးမှုကို တွန်းလှန်ခဲ့ကြပြီး ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှု တစ်ရပ်ကို ရရှိခဲ့ကြသည်။ (Xinhua)
…………………………………………
(English Version)
GLOBALink | A glimpse at mysterious Baima Tibetans’ wedding in Gansu, China
Gansu, Jan.21 (Xinhua) — As the New Year began, a traditional wedding was held by the Baima people in a village in northwest China’s Gansu Province. The Baima people , also called Baima Tibetants , are categorized as a branch of the Tibetants , because some words in both languages are similar and they live near Tibetan habitats.With the population of around 20,000 nationwide, Baima Tibetans mainly live in Gansu and its neighboring Sichuan Province, two major habitats of giant pandas. The Baima people have shaken off poverty and they lived a better life through developing rural tourism with the unique ethnic culture and beautiful natural scenery.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.