Connect with us

Media

“တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းရှိ အားကစား၀တ်စုံ ထုတ်စက်ရုံမှ ဒေသခံ Uygurs လူမျိုးများအား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျှက်ရှိ”

ရှင်းကျန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ် အားကစား၀တ်စုံ ထုတ် Erke ၏ စက်ရုံသစ်အား ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃ရက် နေ့တွင် ရှင်းကျန်း တောင်ဖက်ပိုင်းတွင်ရှိသော Yutaian Tianjin စက်မှုဇုန် တွင်တရား၀င်ဖွင့်လှစ်ခဲ့သည်။

စက်ရုံအနေနဲ့ အထည်ချုပ်လုပ်ငန်း များတွင်အတူတကွလုပ်ကိုင်ရန် ပါဝင်လာသူတိုင်းကိုကြိုဆိုကြောင်းအွန်လိုင်းမှတဆင့် ပြောကြားခဲ့ပါသည်။

ခုအချိန်အထိ အထည်ချုပ်စက်ရုံးအနေနဲ့ ဒေသခံ ၅၀၀ ကျော်ကိုအလုပ်အကိုင်အခွင့် အလှမ်းများမျှ‌ေ၀ပေးနိုင်ခဲ့ပြီး များစုမှာ Uygurလူမျိုးများဖြစ်ကြပါသည်။ အသက် ၂၄ နှစ်အရွယ် Yusup Abudula သည် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ အန်းဟွေး ပြည်နယ်တွင် ၆နှစ်ကြာ ပညာသင်ပြီး အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် Yusupသည်၎င်း၏ဇာတိမြေသို့ ပြန်လည်ပြီးအလုပ်လုပ်ကိုင်ရန်နှင့် အေးအေးဆေးဆေးဘ၀ကို ဖြတ်သန်းရန်ရွေးချယ်ခဲ့ပါသည်။”ကျွန်တော် Erke ရဲ့ ရှင်းကျန်း စက်ရုံခွဲ မှာလွန်ခဲ့တယ့်နှစ် အောက်တိုဘာလ ကနေ စတင်၀င်ရောက်လုပ်ကိုင်ခဲ့သာပါ။ကျွန်တော် က၂၀၁၅ခုနှစ်မှာ တရုတ်ပြည်အရှေ့ပိုင်းရှိ ဟဲဖေး မြို့တော်တွင်ပညာသင်ကြားရန်အတွက်သွားခဲ့တယ်။

အဲ့သည်ကျောင်းကနေ ကျောင်းမှဘွဲရပြီးသည့်နောက်မှာတော့ ဟဲဖေး မြို့တော်မှာ လျှပ်စစ်နည်းပညာရှင်တစ်ယောက်အနေဖြင့်လည်းလုပ်ကိုင်ခဲ့ပါတယ်။ ပြီးခဲ့သောအောက်တိုဘာလက ကျွန်တော်ရဲ့မွေးရပ် မြေကိုပြန်လာခဲ့သည်။ ကျွန်တော့် အမေက အလုပ်တစ်ခုရှာဖို့အကြံပေးခဲ့တယ့်အတွက် Erke စက်ရုံ မှာအလုပ်ရခဲ့တယ်။ အဲ့ဒီမှာ အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကတော်တော်လေးကောင်းနေတာကိုကျွန်တော်တွေ့ခဲ့တယ်။

အန်းဟွေး ပြည်နယ်မှာအလုပ်လုပ်ခဲ့တုန်းကဆို ရင် တစ်နှစ်မှတစ်ခါမှတည်း အိမ်ကိုပြန်လာနိုင်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော့်အိမ်နဲ့လည်းနီးတဲ့ ဒီနေရာမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။

“ငယ်ရွယ်ထက်မြတ်ပြီးအရည်အချင်းရှိတဲ့Yusupသည် သူ၏အလုပ်သစ်တွင်၂လအတွင်း၌ပင် စီမံခန့်ခွဲမှုရာထူးသို့ တိုးမြင့်ခြင်းခံခဲ့ရပါသည်။ အလုပ်သင်ဆင်းပြီး၁လအကြာတွင်ကျွန်​တော်တို့စက်ရုံမှ ခေါင်းဆောင်များသည်၀န်ထမ်း ၂၃ ‌ယောက် ပါ၀င်တယ့်အဖွဲ့မှာ ကျွန်တော့်ကို ဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့်ခန့်အပ်ခဲ့ပါတယ်။

“ကျွန်တော်က သူတို့ကိုအဝတ်အထည်တွေဘယ်လိုချုပ်ရသလဲ ဆိုသာကို သင်ပေးတယ်။ အလုပ်သင်အနေနဲ့ ၃လ အကြာလုပ်ကိုင် အပြီးမှာတော့ ကျတော့် လစာတိုးလာခဲ့တယ်။ အခုကျတော် ရရှိတယ့်လစာ ကိုအတော် လေးကျေနပ်ပါတယ်။”

အဆိုပါရေးစက်ရုံတွင်အလုပ်လုပ်ကိုင်နေသောဝန်ထမ်းပေါင်း၅ဝဝကျော်ရှိသည့်အနက် Yusupနည်းတူ စက်ရုံမှ နေရာချထားပေးသော အခမဲ့ အဆောင်များတွင်တစ်ကိုယ်တည်းနေထိုင်သည့် လူငယ်များရှိသကဲ့သို့ မိသားစု ၁ဝဝခန့်ကလည်း အိပ်ခန်း၂ခန်းပါသည့် စက်ရုံမှစီစဥ်ပေးထားသောအခမဲ့ အဆောင်၌နေထိုင်ကြပါသည်။ ထိုသို့နေထိုင်သူများတွင်အသက်၂၅နစ်အရွယ် Abud Ulezizi Maisedi နှင့်၎င်း၏ဇနီးဖြစ်သူအသက်၂၄နှစ်Maynurhan တို့လည်းအပါအဝင်ဖြစ်သည်။

၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းတွင် ကျေးရွာကော်မတီထံမှအလုပ်အကိုင်အခွင့်အလမ်းအကြောင်းကို ၎င်းတို့ဇနီးမောင်နှံကြားခဲ့ပြီးနောက် ၄င်းတို့၏မူလလုပ်ကိုင်နေသောစားသောက်ဆိုင်မှအလုပ်ထွက်ခဲ့ပြီး Erke၏Xinjiangအခြေစိုက်ထုတ်လုပ်မှုစက်ရုံ၌ ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက်လျှောက်ထားခဲ့ကြသည်။ “ဒီနေရာမှာလုပ်ကိုင်ရသာဟာ အင်မတန်မှကောင်းမွန်ပါတယ်။

ကျွန်တော့်ဇနီးနှင့်အတူတူသည်မှာအလုပ်လုပ်ပါတယ်။အဲ့ဒီမှာ အခမဲ့နေဖို့အဆောင်လည်းစီစဉ်ပေးထားပါတယ်။သူ့မ၏လစာကတော့ကျွန်တော်ထက်များသာပေါ့။ “စီးပွားရေးလုပ်ငန်းများ ပိုမိုများပြားလာသည်နှင့်အမျှ စက်မှုဇုန်အနေနှင့် ပိုမိုကောင်းမွန်သော အ‌ခြံအဆောက် အအုံများသာမက သင်တန်းများ အိပ်ခန်း၊ ထမင်းစားခန်း၊ ဆေးရုံ၊ မူလတန်းကျောင်း နှင့် စားသောက်ဆိုင်များကိုပါ ထောက်ပံ့ပေးလျက်ရှိသည်။

အဆိုပါ ငယ်ရွယ်သော လင်မယားသည်စက်တင်ဘာလတွင် စက်မှုဇန်ရှိ မူလတန်းကျောင်းတွင် ၄င်းတို့၏ ၃နှစ်အရွယ် ကလေးအား သူငယ်တန်းထားပြီး စက်မှုဇုန်တွင်သာ အခြေချနေထိုင်ရန်စီစဥ်‌နေသည်။ Erke အနေဖြင့်အဆိုပါစက်မှုဇုန် အတွင်း ထုတ်ကုန်အမျိုးအစား ၁၂၀ခန့်အထိ အနာအနာဂတ်တွင် ထပ်မံတိုးချဲ့ ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်း ၄၀၀၀ ခန့်ထောက်ပံ့ပေးနိုင်ရေးစီစဥ်လျှက်ရှိသည်။ စက်ရုံဆောက်လုပ်ရေးစတင်လာသည်နှင့်အမျှ ထုတ်လုပ်နိုင်စွမ်းမှာ တဖြည်းဖြည်း တိုးများလာနေပြီး အလုပ်အကိုင်လိုအပ်မှုလည်း တိုးများလျှက်ရှိသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.