ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီ ၃ရက် ညနေပိုင်းတွင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် အပျက်အစီးများရှိကြောင်း သိရသည်။ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေများပါတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်များ ပြိုကျခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်းနှင့် သစ်ပင်များပြိုလဲမှုကြောင့် ကားများ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တောင်ငူမြို့ ၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ယနေ့ နံနက်ပိုင်းက တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေယာဉ်တစ်စီးပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဖူကျန့်၊ ဧပြီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းဖူကျန့်ပြည်နယ်တွင် မောင်းသူမဲ့ လျှပ်စစ်မီနီဘတ်စ်ကို အောင်မြင်စွာ စမ်းသပ် မောင်းနှင်ခဲ့ကြောင်းသိရသည်။ ထိုလျှပ်စစ်မောင်းသူမဲ့ယာဉ်တွင် ပုံမှန်ကားများတွင်ပါဝင်သည့် အစိတ်အပိုင်းများဖြစ်သည့် စတီယာရင် နှင့် ဘရိတ်ခြေနင်းတို့ ပါဝင်ခြင်းမရှိတော့ဘဲ အလိုအလျောက် မောင်းနှင်၊ ရပ်နားနိုင်သည့်စနစ်ဖြင့် သွားလာနိုင်မည်ဖြစ်သည်။ ၎င်းကို တရုတ်နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Baidu နှင့်...
ရှန်တုံ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းရှန်တုံပြည်နယ်တွင် လယ်သမားအများစုမှာ ၎င်းတို့၏ လယ်ယာမြေများတွင် နည်းပညာမြင့်လယ်ယာသုံးစက်ပစ္စည်းများဖြစ်သည့် မောင်းသူမဲ့ယာဉ်ပျံငယ်များ၊ စက်ရုပ်များ နှင့် ပိုးသတ်ဆေးဖြန်းကိရိယာများကို အသုံးပြုကာစိုက်ပျိုးလျက်ရှိသည်။ ထိုသို့ခေတ်မီနည်းပညာများကို အသုံးပြုကာ စိုက်ပျိုးခြင်းကြောင့် အချိန်ကုန် သက်သာစေသည့်အပြင် လူအင်အားခြွေတာနိုင်ပြီးအထွက်နှုန်းပိုမိုတိုးတက်ကောင်းမွန်ကြောင်းသိရှိရသည်။(Xinhua)
ဟူနန်၊ ဧပြီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ဒေသတွင် မြန်နှုန်းမြင့်ရထားလမ်းပြေးဆွဲရန် ခေတ်မီနည်းပညာသုံးရထားလမ်းခင်းစက် ဖြင့်ရထားလမ်းခင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။ မီတာ ၅ဝဝ ရှည်သည့်ရထားလမ်းကိုခင်းရန် မိနစ် ၉ဝ ခန့်သာကြာမြင့်သောကြောင့် အချိန်ကုန်သက်သာကာ လုပ်ငန်းတွင်သည်။ တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်မှာ အလွန်ခေတ်စားတိုးတက်လျက်ရှိပြီး ပြည်သူများ သွားလာရန်ကြာမြင့်ချိန်ကိုလျှော့ချနိုင်သောကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရာရောက်သည်။ နည်းပညာမြင့်စက်ပစ္စည်းများကိုအသုံးပြုကာ ရထားလမ်းများကိုဖောက်လုပ်နိုင်သောကြောင့်...
ပေကျင်း၊ ဧပြီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်သည့် ထျန်းကွန်း ၁ အာကာသဓါတ်ခွဲခန်း မှာ ကမ္ဘာ့လေထုသို့ပြန်လည်ဆင်းသက်လာကာ တောင်ပစိဖိတ်သမုဒ္ဒရာအလယ်တွင် လောင်ကျွမ်းပေါက်ကွဲ သွားမည်ဖြစ်သည်။ ၎င်းမှာတရုတ်နိုင်ငံ၏ လူလိုက်ပါနိုင်သည့် အာကာသခရီးစဉ်တွင် အထောက်အပံ့ ဖြစ်စေမည့် ဂြိုဟ်ပတ်လမ်းဆိုင်ရာလေ့လာစမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ထျန်းကွန်း ၁ အာကာသဓါတ်ခွဲခန်း ကို ၂ဝ၁၁...
ရန်ကုန်၊ မတ်လ ၃၁ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျော် တရုတ်နိုင်ငံ မကာအိုသံစုံတီးဝိုင်းဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ က ရန်ကုန်မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၎င်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုရေးနှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲအခမ်းအနားကို မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊...
ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော်၌ ယနေ့ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခဲ့သော သမ္မတသစ် ဦးဝင်းမြင့်က ပြည်သူများနှင့် အတူ အပြောင်းအလဲကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ နိုင်ငံတော်နှင့် ပြည်သူများ ခံစားနေရသော စိန်ခေါ်မှုများ၊ အခက်အခဲများကလည်း မနည်းလှကြောင်း၊ အရာရာတိုင်းကို လွယ်လင့်တကူဖြေရှင်းနိုင်မည် မဟုတ်သော်လည်း...
ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
မန္တလေး၊ မတ်လ ၂၉ရက် (ဆင်ဟွာ) မိုးကုတ် နှစ် ၈၀၀ ပြည့် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၉ ရက်နေ့တွင် မိုးကုတ်မြိုတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။ အခမ်းအနားသို့တက်ရောက်လာသော မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က မင်္ဂလာမောင်းအား သုံးချက်တီးပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ ဝန်ကြီးချုပ်နှင့် အတူ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက အခမ်းအနားကို ဖဲကြိုးဖြတ်...