Connect with us

Media

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ မူလတန်းကျောင်းတွင် ကျောင်းသားလေးများ နံနက်ခင်း အားလပ်ချိန် အကလေ့ကျင့်ခန်းပြုလုပ်

ကွေ့ကျိုး၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Suiyang ကောင်တီရှိ ရီအန်းမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများသည် အားလပ်ချိန်အတွင်း အကလေ့ကျင့်မှုများလုပ်ဆောင်ကြသည်။

ထိုကျောင်းတွင် သမားရိုးကျ နံနက်ခင်းကာယလေ့ကျင့်ခန်းအစား လူကြိုက်များသည့်အကကို မိတ်ဆက်လေ့ကျင့်စေခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ကျောင်းသားများသည် စာသင်ခန်းသို့မဝင်မီ ၎င်းတို့၏ ကိုယ်လက်လှုပ်ရှားမှုတိုးတက်စေရန် နံနက်ခင်း ကာယလေ့ကျင့်ခန်းများကိုလုပ်ဆောင်လေ့ရှိကြသည်။ ယေဘူယျအားဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်ချိန်သည် ကျောင်းတက်သည့်နေ့တိုင်းတွင် အချိန်နာရီဝက်ခန့်ကြာမြင့်တတ်သည်။

မကြာသေးမီနှစ်များက တရုတ်နိုင်ငံရှိ စာသင်ကျောင်းများသည် နံနက်ခင်းလေ့ကျင့်ခန်းများတွင် လူကြိုက်များပြီး လန်းဆန်းစေသည့် လေ့ကျင့်ခန်းများကို မိတ်ဆက်ထည့်သွင်းပြီး ကျောင်းသားများ အားကစားတွင် ပိုမိုစိတ်ဝင်စားလာစေရန် အားပေးမှုများကိုလုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)

………………………….

(English Version)

Pupils in SW China perform shuffle dance during break time

Students at the Yi’an Primary School in Suiyang County, southwest China’s Guizhou Province perform shuffle dance during break time.

The school has introduced the popular dance to replace traditional morning exercises.

Students in China do morning exercises between classes to increase their physical activity. Usually, the routine lasts for about half an hour every school day.

In recent years, Chinese schools have introduced more popular and fresh elements into the morning exercises to motivate students’ interests in sports.