Connect with us

Media

တွန်ဂါနိုင်ငံရှိမီးတောင်ပေါက်ကွဲမှုမြင်ကွင်းအားဂြိုဟ်တုပုံရိပ်တွင်ဖမ်းယူရရှိပုံ

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ဆင်ဟွာ သတင်းဌာန၏ အာကာသ သတင်းအေဂျင်စီမှ တွန်ဂါနိုင်ငံ Hunga Ha’apai ကျွန်းရှိ မီးတောင်ပေါက်ကွဲသည့် ပုံရိပ်များအား ရိုက်ယူထားနိုင်ခဲ့သည်။

တွန်ဂါနိုင်ငံ ၏ သတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် Matangi Tonga Online ၏ ထုတ်ပြန်ချက်အရ မီးတောင်ပေါက်ကွဲမှုသည် မြို့တော် Nuku’alofa ၏ မြောက်ဘက် ၆၅ ကီလိုမီတာခန့်တွင် တည်ရှိသည်။

မီးတောင်ပေါက်ကွဲမှုအပြီး ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်း၌ နိုင်ငံတစ်ဝန်း ဆူနာမီသတိပေးချက် ကို တွန်ဂါ မိုးလေဝသလုပ်ငန်းက ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။

လှိုင်းလုံးများမှာ မြို့တော် Nuku’alofa အပါအဝင် Tongatapu အဓိကကျွန်းတွင်လည်း ရိုက်ခတ်ခဲ့ကြောင်း Radio New Zealand အရ သိရသည်။
မီးတောင်ရှင်အခြေအနေကြောင့် တွန်ဂါနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်းများအားလုံးကိုလည်း ဇန်နဝါရီ ၁၅ ရက်က ခရီးစဉ်ပယ်ဖျက်ထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် တွန်ဂါနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် အားကောင်းသော ရေစီးများနှင့် အန္တရာယ်ရှိသော လှိုင်းလုံးများကြောင့် ဖီဂျီနိုင်ငံရှိ ပြည်သူများအနေဖြင့် ကမ်းရိုးတန်းနေရာများနှင့် ကမ်းခြေမှ ဝေးဝေးတွင်နေထိုင်ကြရန် သတ္တုအရင်းအမြစ်များဦးစီးဌာန အကြံပြုထားသည်။

မီးတောင်ပေါက်ကွဲမှုမှ ဆူနာမီလှိုင်းလုံးများသည် ဖီဂျီကမ်းရိုးတန်းတစ်လျှောက်လုံး သက်ရောက်မှုရှိကြောင်း သိရသည်။
မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ဆူနာမီသတိပေးချက်တစ်ခုကို ဇန်နဝါရီ ၁၅ ရက် ညဉ့်နက်ပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မိုးလေဝသအေဂျင်စီက ဂျပန်နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းပေါ်တွင် ဆူနာမီလှိုင်း သတိပေးခဲ့ပြီး ပင်လယ်ကမ်းခြေဒေသများမှ ဒေသခံများအား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အမြင့် ၃ မီတာရှိသော ဆူနာမီလှိုင်းသည် Amami ကျွန်းအပါအဝင် ဂျပန်နိုင်ငံ၏ အနောက်တောင်ပိုင်း ကျွန်းတစ်ချို့အား ရိုက်ခတ်နိုင်ကြောင်း နှင့် အခြား ပစိဖိတ်ကမ်းရိုးတန်းဒေသများတွင် အမြင့် ၁ မီတာခန့်ရှိသော ဆူနာမီလှိုင်း ရိုက်ခတ်ခံရနိုင်ဖွယ် ရှိကြောင်း JMA က ခန့်မှန်းထားသည်။

ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ဆူနာမီသတိပေးချက် နှင့် အကြံပြုချက်များ ထုတ်ပြန်ပြီးနောက် အစိုးရက သတင်းအချက်အလက်များ စုစည်းရန် ဝန်ကြီးချုပ်ရုံး၌ ဆက်သွယ်ရေးရုံးတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
GLOBALink | Satellite images capture volcanic eruption in Tonga’s Hunga Ha’apai island
BEIJING, Jan. 16 (Xinhua) — The satellite images of Xinhua’s Space News Lab have captured the recent volcano eruption in Tonga’s Hunga Ha’apai island.
According to Tonga’s news website Matangi Tonga Online, the volcano is about 65 km north of capital city Nuku’alofa.
A tsunami warning was issued after the eruption.
(Supported by Space News Lab)