Connect with us

Media

RCEPသည် အနာဂါတ် အာရှရာစုနှစ်(Asian Century) အတွက် အဓိက ခြေလှမ်းတစ်ခုဖြစ်ဟု ပါကစ်စတန် စီးပွားရေး ပညာရှင်များ သုံးသပ်

အစ္စလာမာဘတ် ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)သည် အာရှရာစုနှစ် စီမံကိန်း နှင့်အတူ ကမ္ဘာ့အနာဂါတ်အတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်ဟု ပါကစ်စတန် စီးပွားရေးပညာရှင်များ ယုံကြည်ထားကြသည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)သည် အာရှရာစုနှစ်စီမံကိန်း
နှင့် ကမ္ဘာ့အနာဂါတ်‌တောက်ပဖို့အတွက် အရေးပါတဲ့ ခြေလှမ်းဖြစ်ကြောင်း ပါကစ်စတန် စီးပွားရေးပညာရှင်များက ယုံကြည်ထားကြပါတယ်။

တရုတ်ဟာ အဲဒီအဖွဲ့ထဲမှာ ပါရှိနေပြီးတော့ ၂၀၂၀ ခုနှစ်မှာ သဘောတူစာချုပ် လက်မှတ်ထိုးပြီးပြီးချင်းမှာပဲ သဘောတူညီမှုကို စိတ်အားထက်သန်စွာအကောင်အထည် ဖော်ခဲ့သည်။ပြီးခဲ့တဲ့နှစ် နို၀င်ဘာလမှာ စာချုပ်ကို ပြီးစီးအောင်မြင်အောင် တရုတ်ရဲ့ တွန်းအားပေး ဆောင်ရွက်နိုင်မှုဟာ RCEPအဖွဲ့ရဲ့ အောင်မြင်မှုအတွက် ခိုင်မာတဲ့ အာမခံချက်တစ်ခု ဖြစ်ပါတယ်။

တရုတ်ဟာ RCEPအဖွဲ့ရဲ့ ဦးဆောင်သူတွေထဲက တစ်ဦးဖြစ်ပြီး စည်းကမ်းချက် ၇၀၁ခုကို ဖြည့်စွက်ခဲ့တယ်။ ဒါဟာ အခြားနိုင်ငံတွေပါ အဖွဲ့ထဲ ပါ၀င်လာဖို့နဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရှယ်ယာထည့်၀င်လာစေဖို့ ဥပမာတစ်ခု ဖြစ်ခဲ့တယ်။

ကျွန်တော့်မှာ ၂. ၂ဘီလီယံ တန်တဲ့ marketတစ်ခုရှိတယ်။
သိတယ်မဟုတ်လား။ ဒါဟာ ဒေသတွင်းပဲဆိုပေမယ့် တကယ်ကို ကြီးမားတဲ့ marketတစ်ခုပဲလေ။
ဒါဟာ၊ အာရှရာစုနှစ် စီမံကိန်းကို အကောင်အထည် ဖော်နေဆဲမှာပဲ တစ်ကမ္ဘာလုံးက သိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။

တရုတ်ဟာ ဒေသတွင်းကုန်သွယ်မှုအတွက်သာမက ကမ္ဘာ့ကုန်သွယ်မှုအတွက်ပါ အများကြီး လုပ်ဆောင်ထားပြီးပြီလို့ ကျွန်တော် ယုံကြည်တယ်။

စီးပွားရေးဘက်ခြမ်းက လွဲလို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်နိုင်ငံတည်း‌အတွက်သာမဟုတ်ဘဲ ဒေသထဲက ရှယ်ယာ၀င်နိုင်ငံတွေအားလုံးရဲ့ ရှယ်ယာတန်ဖိုးတွေဟာ ပိုပိုပြီး အဖိုးတန်လာမယ်ဆိုတဲ့ အယူအဆနဲ့ တည်ဆောက်ထားတာကို တွေ့ရပါတယ်။

တန်‌ကြေးကွင်းဆက်တွေကို ဖန်တီးမှုတွေ လုပ်နိုင်လာမယ်။
ဒါဟာ အာရှရာစုနှစ် စီမံကိန်းအတွက် ကြိုတင်ခန့်မှန်းချက်တွေပဲ ဖြစ်ပါတယ်။
ကျွန်တော် ထပ်မံဖြည့်စွက် ပြောချင်တာကတော့ ဒါဟာ “အကယ်၍ ဖြစ်လာခဲ့ရင် ” ဆိုတဲ့ ကိစ္စမျိုး လုံး၀မဟုတ်ပါဘူး။ “ဖြစ်လာတဲ့အခါ” လို့ အတိအကျ ပြောရမယ့် ကိစ္စပါ။ (Xinhua)
……………………………………
(English Version)
GLOBALink | RCEP is a major step towards Asian Century future: Pakistani economists
Pakistani economists believe that Regional Comprehensive Economic Partnership (RCEP) is a significant step towards the world’s future with an Asian Century. #GLOBALink

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.