ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ခေါင်းဆောင် သမ္မတရှီကျင့်ဖိန်သည် နိုင်ငံတကာသံတမန်ဆက်ဆံရေးကဏ္ဍတွင်အကြီးအကဲ တစ်ဦးဖြစ် ပြီး ရံဖန်ရံခါတွင် တရုတ်နိုင်ငံ ၏ ယဉ်ကျေးမှုမြှင့်တင်သည့်အခန်းကဏ္ဍတွင်လည်း ကိုယ်တိုင်ပါဝင်ခဲ့သည်။တရုတ်နိုင်ငံသို့လာရောက်လည်ပတ်သည့် နိုင်ငံ့ခေါင်းဆောင်အကြီးအကဲတစ်ချို့အား တရုတ်ရိုးရာယဉ်ကျေးမှု ရှေးဟောင်းလက်ရာများကိုပြသမိတ်ဆက်ပေးသူလည်းဖြစ်သည်။ သမ္မတရှီအနေဖြင့် ခေါင်းဆောင်များအချင်းချင်းဆက်ဆံရာတွင် ပုံမှန်သံတမန်ဆက်ဆံရေးမျိုးမဟုတ်ဘဲ မိတ်ရင်းဆွေရင်းသဖွယ် ချစ်ကြည်ရင်းနှီးစွာ စကားစမြည်ပြောဆိုတတ်သူဖြစ်သည်။ သမ္မတရှီကျင့်ဖိန်သည် ခရီးသွားလာရခြင်းကိုလည်း...
ဆိုးလ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့သည် ဇန်နဝါရီလ ၁၅ ရက်တွင် နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာ၌ တွေ့ဆုံဆွေးနွေးခဲ့ ရာ တောင်ကိုရီးယားနိုင်ငံ၌ မကြာမီကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ ဖျော်ဖြေတင်ဆက်ရန် မြောက်ကိုရီးယားနိုင်ငံမှ သံစုံတီးဝိုင်းသမား ၁၄ဝ ဦး စေလွှတ်နိုင်ရေး နှင့်ပတ်သက်၍ သဘောတူညီခဲ့ကြကြောင်း...
ဘူဒါပတ်စ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်အမျိုးသားကျွမ်းဘားအဖွဲ့နှင့် မွန်ဂိုလီယမ်နိုမန်နာအဖွဲ့တို့က ဇန်နဝါရီလ ၁၄ ရက်နေ့ က ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်တွင် ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက်ဘူဒါပတ်စ် နိုင်ငံတကာ ဆပ်ကပ်ပွဲတော်တွင် ပူးတွဲပထမ ရွှေတံဆိပ်ဆုကိုဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၉၆ ခုနှစ်ကတည်းကစတင်ကျင်းပခဲ့သည့် ဘူဒါပတ်စ် နိုင်ငံတကာ ဆပ်ကပ်ပွဲတော် ၁၂...
လီမာ ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ၌ ဇန်နဝါရီလ ၁၄ ရက်တွင် ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ဒဏ်ကြောင့် မိုင်းတွင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ အခြား လူ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။ ၎င်းငလျင်သည် ဒေသစံတော်ချိန်...
ပေကျင်း ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) ၂ဝ၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သိပ္ပံပညာရပ်ဆိုင်ရာဆောင်ရွက်ခဲ့မှှုများကို စုစည်းတင်ပြထားသော video မှတ်တမ်းဖိုင်ကို ဆင်ဟွာသတင်းဋ္ဌာနမှ တင်ဆက်ပါသည်။(Xinhua)
ချုံကျင်း၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းပြည်နယ်ရှိ ပါးရှန်ထူရထားလမ်းသွားတံတားသစ်ကြီး ကမ္ဘာ့စံချိန် ၃ ခုချိုးဖျက်မည်ဖြစ်ကြောင်းသိရသည်။ ထိုတံတားမှာ ယန်ဇီမြစ်ပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်သည်။
ရာရေဗင်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) အာမေးနီးယန်းနိုင်ငံသူအားကစားမယ်တစ်ဦးက ၂ တန်အလေးချိန်ကားကို သူ့ဆံပင်ဖြင့်ဆွဲပြသည့် video ဖိုင်အား အွန်လိုင်းစာမျက်နှာများတွင် စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။ Karine Sargsyan ဆိုသူအသက် ၁၆ နှစ်အရွယ်မိန်းကလေးမှာ အာမေးနီးယားနိုင်ငံရာရေဗင်မြို့တွင် ဆံပင်ဖြင့်၂ တန်အလေးချိန်ရှိသည့်ကား ကို ဆွဲပြနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမိန်းကလေးသည် လက်ဝှေ့ထိုးခြင်းကိုခုံမင်ပြီး ယခုကဲ့သို့ ခွန်အားများကို...
လာ့စ်ဗီးဂတ်စ်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု လာ့စ်ဗီးဂတ်စ်တွင် ကျင်းပသည့် ၂ဝ၁၈ ခုနှစ် အီလက်ထရောနစ်ပြပွဲတွင် တရုတ်နိုင်ငံ ZTE ကုမ္ပဏီထုတ် မျက်နှာပြင်၂ ဖက်ပါ ခေါက်နိုင်သော စမတ်ဖုန်းမှာ လူကြိုက်များရေပန်းစားခဲ့သည်။ မျက်နှာပြင်အရွယ်အစား ၅.၂ လက်မရှိသည့် ၎င်းစမတ်ဖုန်းအား မျက်နှာပြင်တစ်ခုစီတွင် application တစ်ခုဆီဖွင့်ကာအသုံးပြုနိုင်သည်။ mirror...
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) မြန်မာ့ကျောက်မျက် ရတနာ နှင့် အချောထည် ဈေးကွက် အောင်မြင် စေရန် ရည်ရွယ် ကျင်းပသည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ၂၀၁၈ အား...
ကျန်းစု၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် တိုင်ဟူကန်ကြီး၏ အောက်ခြေမှ စတင်ကာ အရှည်ဆုံးရေအောက် အဝေးပြေးလမ်း စတင်ဖောက်လုပ်လျက်ရှိပြီဖြစ်သည်။ ၎င်းမှာ နိုင်ငံအတွင်းရေအောက်အဝေးပြေးလမ်းများ ထဲတွင် အရှည်ဆုံးနှင့်အကျယ်ဆုံးလမ်းဖြစ်မည်ဟုသိရသည်။ တစ်နာရီလျင်အမြန်နှုန်း ကီလိုမီတာ ၁ဝဝ အထိသွားလာနိုင်မည့်အဆိုပါအဝေးပြေးလမ်းကို ၂ဝ၂၁ ခုနှစ်တွင်ဖွင့်လှစ်မည်ဟု စီစဉ်ထားကြသည်။ ကန်အောက်ခြေတွင်ဖောက်လုပ်ရသောကြောင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ကာဖောက်လုပ်မည်ဟုအင်ဂျင်နီယာများကဆိုသည်။ (Xinhua)