Connect with us

Videos

ရုရှားနိုင်ငံမှ ပံ့ပိုးပေးသော နျူကလီးယားစွမ်းအင်စက်ရုံတည်ဆောက်ရေးအတွက် ပစ္စည်းကိရိယာများ တရုတ်နိုင်ငံသို့ ရောက်ရှိ

ဆန်းယန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံမှ ထောက်ပံ့သည့် တရုတ်နိုင်ငံရှိ Xudapu နျူကလီးယားစွမ်းအင်စက်ရုံ ယူနစ် (၃) တည်ဆောက်ရေးတွင်လိုအပ်သည့် ပစ္စည်းကိရိယာ ပထမအသုတ် သည် နိုဝင်ဘာ ၃၀ ရက်တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းလျောင်နင်းပြည်နယ်သို့ရောက်ရှိခဲ့သည်။

ရုရှားနိုင်ငံမှ ပံ့ပိုးပေးသော အကြီးစားစက်ကိရိယာများကို လျောင်နင်းပြည်နယ်၏ ဆိပ်ကမ်းမြို့ ဖြစ်သည့် Huludao မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ တပ်ဆင်ရန် သယ်ဆောင်လျက်ရှိသည်။

CNNC Liaoning Nuclear Power Co.,Ltd မှ ပစ္စည်းဝယ်ယူရေးဌာန ဒုတိယဒါရိုက်တာဖြစ်သူ Jiao Pu က“ကျွန်တော်တို့ Xudapu နျူကလီးယားစွမ်းအင်စက်ရုံ ရဲ့ ယူနစ် ၃ တည်ဆောက်မှု ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ ရုရှားနိုင်ငံနဲ့ နျူကလီးယားစွမ်းအင်ထုတ်စက်ရုံရဲ့ အဓိက အစိတ်အပိုင်းကို ထုတ်လုပ်ပေးပို့ဖို့ သဘောတူညီထားတာပါ၊အခုအရင်ဆုံးရောက်လာတာကတော့ နျူကလီးယားစွမ်းအင်စက်ရုံမှာတပ်ဆင်ရမယ့် ဓါတ်ပေါင်းဖိုရဲ့ ပင်မ အူတိုင်ဖြစ်ပါတယ်” ဟုဆိုသည်။

Xudapu နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ယူနစ် ၃ နှင့် ၄ နှင့် Tianwan နျူကလီးယား ဓာတ်အားပေးစက်ရုံ ၏ ယူနစ် ၇ နှင့် ၈ တို့သည် တရုတ်-ရုရှား နျူကလီးယား စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း၏ အကြီးဆုံးစီမံကိန်းများ ဖြစ်သည်။

မေလတွင် စတင်ခဲ့သည့် အဆိုပါပရောဂျက်သည် တရုတ်နိုင်ငံ နှင့်ရုရှားနိုင်ငံ အကြား အဆင့်မြင့်စက်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ၏ ပြယုဂ်လည်းဖြစ်သည်။

……………………
(English Version)
GLOBALink | Russia-supplied nuclear power plant equipment arrives in China
SHENYANG, Nov. 30 (Xinhua) — The first batch of equipment for the construction of unit 3 of the Xudapu nuclear power plant arrived in northeast China’s Liaoning Province from Russia on MondayThe Russia-supplied large-scale equipment is being taken from Liaoning’s port city of Huludao to the construction site for installation. Units 3 and 4 of the Xudapu nuclear power plant and units 7 and 8 of the Tianwan nuclear power plant are the largest China-Russia nuclear energy cooperation project. Launched in May, the project demonstrates cooperation outcomes in high-end equipment manufacturing and sci-tech innovation between China and Russia.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.