ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အောက်တိုဘာလ ၁ရက် နံနက် တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင်ရင်ပြင်၌ ခမ်းနားကြီးကျယ်စွာကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ် ၇၀ ပြည့် တရုတ်အမျိုးသားနေ့အခမ်းအနား ပထမဦးဆုံးအပိုင်း၌လူစုလူဝေးကြီးက အလေးပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)
ပေကျင်း ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနား၏ အမျိုးသားနေ့ စစ်ရေးပြချီတက်မှုတစ်ခုတွင် အသစ်တီထွင်ထုတ်လုပ်ထားသည့် Dongfeng-17 သမားရိုးကျဒုံးကျည်များကို ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံက ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါဒုံးကျည်အမျိုးအစားသည် တာလတ် နှင့် တာတို ပစ်မှတ်များကို တိကျမှန်ကန်အောင် ပစ်ခတ်နိုင်စွမ်းရှိပြီး ရာသီဥတုအနေအထားအမျိုးမျိုးတွင် ပစ်မှတ်ကို...
ပေကျင်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင် ၌ အောက်တိုဘာ ၁ ရက်တွင်ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ် ၇၀ ပြည့် နှင့် အမျိုးသားနေ့စစ်ရေးပြအခမ်းအနားတွင် အဆင့်မြှင့်တင်ထားသည့် Dongfeng-31A ဒုံးကျည်များကိုပြသခဲ့ကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင် ၌ အောက်တိုဘာ ၁ ရက်တွင်ကျင်းပသည့် အမျိုးသားနေ့စစ်ရေးပြအခမ်းအနားတွင် တရုတ်နိုင်ငံထုတ် စစ်မြေပြင်အဓိကသုံး 99A အမျိုးအစားတင့်ကားများကို ထုတ်ဖော်ပြသခဲ့သည်။ (Xinhua)
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ အောက်တိုဘာ ၁ ရက်တွင်ကျင်းပသည့် အမျိုးသားနေ့စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ နောက်ဆုံးပေါ်နည်းပညာ နှင့် စွမ်းအားအမြင့်ဆုံးဖြစ်သော Dongfeng-41 တာဝေးပစ် တိုက်ချင်းပစ် မဟာဗျူဟာမြောက်နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ (Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်တွင် အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များလည်းပါဝင်ကာစစ်ရေးပြအလေးပြုခဲ့ကြသည်။(Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်တွင် အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားနေ့အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် နောက်ဆုံးပေါ် ရေငုပ် သင်္ဘောပစ် ဒုံးကျည်များကို ပြသခဲ့ကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့ ထျန်အန်းမင်ရင်ပြင်တွင် အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတည်ထောင်ခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် ကုလသမဂ္ဂသို့ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအဖြစ်စေလွှတ်ထားသောတရုတ်တပ်ဖွဲ့ဝင်များလည်း ပါဝင်ကာ စစ်ရေးပြခဲ့ကြသည်။(Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့ ထျန်အန်းမင်ရင်ပြင်တွင် အောက်တိုဘာ ၁ ရက်တွင် ကျင်းပလျှက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ် တပ်မတော်စစ်ရေးပြပွဲ ၌ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် အမျိုးသမီးဗိုလ်ချုပ်နှစ်ဦးလည်း အတူတကွစစ်ရေးပြ အလေးပြုခဲ့သည်။(Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်အမျိုးသားနေ့ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ် အဖြစ် တရုတ်လေတပ်မတော်က ထျန်းအမ်းမင်ရင်ပြင်တွင် တရုတ်နိုင်ငံတော်အလံသယ်ဆောင်လာသည့် လေယာဉ် များဖြင့် မြားဦး သဏ္ဍာန်အုပ်စုဖွဲ့ပျံသန်းခဲ့သည်။(Xinhua)