Connect with us

Media

“Shenzhou-12” အာကာသယာဉ်မှူးအဖွဲ့ အာကာသစခန်းပင်မခန်းသို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ် (ရုပ်သံ)

ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

“Shenzhou-12” အာကာသယာဉ်ပေါ်မှ တရုတ်အာကာသယာဉ်မှူး သုံးဦးသည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အာကာသစခန်း ပင်မခန်း “Tianhe” သို့ ဇွန် ၁၇ ရက်က ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း China Manned Space Agency (CMSA) အရ သိရသည်။

ထိုမတိုင်မီအစောပိုင်းက “Shenzhou-12” သည် ဂြိုဟ်ပတ်လမ်းပေါ်ရှိ “Tianhe”နှင့် လျင်မြန်စွာ အလိုအလျောက် ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းအစီအစဉ်အသီးသီးအား ပြင်ဆင်ဆောင်ရွက်ပြီးနောက် ချိတ်ဆက်ထားသည့်အထွက်တံခါးပေါက်နှင့် “Tianhe”အဝင် တံခါးကို ဖွင့်လှစ်ပြီး ညနေ ၆ နာရီ ၄၈ မိနစ်တွင် အာကာသယာဉ်မှူးများဖြစ်သည့် နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်နှင့် ထန်းဟုန်ပေါတို့က အလှည့်ကျဝင်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းမှာ ဂြိုဟ်ပတ်လမ်းပေါ်ရှိ တရုတ်နိုင်ငံ၏ကိုယ်ပိုင်အာကာသစခန်းသို့ တရုတ်လူမျိုးများ ပထမဆုံး ဝင်ရောက်နိုင်ခြင်းဖြစ်သည်။

အာကာသယာဉ်မှူးများသည် အစီအစဉ်အတိုင်း သက်ဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဖွဲ့ဝင်အားလုံး အာကာသထဲက ကျွန်တော်တို့ရဲ့အိမ် Tianhe ပင်မခန်း ကို ရောက်ရှိပါပြီ။ တရုတ်နိုင်ငံပြည်သူများအားလုံးရဲ့ ထောက်ခံအားပေးမှုနဲ့ သိပ္ပံပညာရှင်များစွာရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှုကို အထူးကျေးဇူးတင်ရှိပါတယ်”ဟု အဖွဲ့ကိုယ်စား နွဲ့ဟိုင်စိန့်က အခြားအာကာသယာဉ်မှူးအဖွဲ့ဝင်နှစ်ဦးနှင့်အတူ “Tianhe”အာကာသစခန်းပင်မခန်းတွင် ယှဉ်တွဲမတ်တပ်ရပ်ပြီး အလေးပြု ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
GLOBALink | Shenzhou-12 astronauts enter space station core module
The three Chinese astronauts onboard the Shenzhou-12 spaceship entered the country’s space station core module Tianhe on Thursday, according to the China Manned Space Agency (CMSA).
Three Chinese astronauts onboard Shenzhou-12 spaceship have entered the spacestation core module Tianhe. Shenzhou-12 earlier completed a fast automated rendezvous and docking with the orbiting Tianhe module.
Then the Shenzhou-12 crew entered the orbital capsule from return capsule of the spaceship. After a series of preparations, the astronauts opened the hatches of the node and the Tianhe module. By 6:48 p.m., Nie Haisheng, Liu Boming and Tang Hongbo had entered the Tianhe module one by one.
Its the first time the Chinese have enter their own space station in orbit.They will carry out relevant work as planned.
From Shenzhou 12: Nie Haisheng
All crew members have entered our home in space,Tianhe core module.We thank all Chinese people for your support,and we appreciate the hard work of so many science workers. Salute!
Produced by Xinhua Global Service