Connect with us

Media

တရုတ်နိုင်ငံ၏ ရွှေ့ပြောင်းသွားလာနေသောဆင်အုပ်စု တက်ကြွစွာလှုပ်ရှားလျက်ရှိ

ကူမင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လှည့်လည်သွားလာနေသည့် နာမည်ကျော် ဆင်အုပ်စုသည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ သီးသန့်နေရာ၌ တစ်ရစ်ဝဲဝဲသွားလာနေကာ နေ့စဉ်လှုပ်ရှားမှုများ တိုးတက်လျက်ရှိသည်ကို တွေ့ရကြောင်း အာဏာပိုင်များက ဇွန် ၁၇ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ ဆင်အုပ်သည် ယွီရှီးမြို့၊ စီကျဲမြို့နယ်အတွင်း၌ လှည့်လည်သွားလာနေဆဲဖြစ်ပြီး ဇွန် ၁၆ ရက် ညနေ ၆ နာရီမှ ဇွန် ၁၇ ရက် ညနေ ၆ နာရီအထိ အနောက်တောင်ဘက်သို့ အကွာအဝေး ၇.၄ ကီလိုမီတာ ခရီးနှင်ခဲ့ကြောင်း ဆင်များရွေ့လျားသွားလာမှု စောင့်ကြည့်ရေးတာဝန်ရှိသော ဌာနချုပ်အရ သိရသည်။

ဆင် ၁၅ ကောင်လုံးမှာ ဘေးကင်း၍ အခြေအနေကောင်းမွန်ကြောင်း သိရသည်။

ဌာနချုပ်အနေဖြင့် ဆင်အုပ်စုနှင့် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ရပ် ထူထောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သင့်လျော်သော သတ်မှတ်ရန်ပုံငွေများလည်း ခွဲဝေသတ်မှတ်ရန် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

ဆင်အုပ်စုသည် ဇွန် ၂ ရက်နှောင်းပိုင်းက ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့သို့ မရောက်မီ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ၎င်းတို့နေထိုင်ရာသစ်တောမှ ကီလိုမီတာ ၅၀၀ ခန့် ခရီးနှင်ခဲ့ပြီး ဖြစ်သည်။

အာဏာပိုင်များက တစ်လခန့်အတွင်း ဆင်အုပ်စုကို လိုက်ပါစောင့်ရှောက်ရန် ရဲတပ်ဖွဲ့အား စေလွှတ်ထားခဲ့ပြီး ၎င်းတို့ဖြတ်သန်းသွားလာမှု အဆင်ပြေနိုင်စေရန် လမ်းလွှဲပေးခဲ့ခြင်းနှင့် လူနေထူထပ်သောဧရိယာများသို့ ဝင်ရောက်ခြင်းကို ရှောင်ရှားနိုင်စေရန် အစားအစာများ အသုံးပြု၍ မျှားခဲ့ခြင်းများလည်း လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

အာရှဆင်များသည် တရုတ်နိုင်ငံ၌ နိုင်ငံအဆင့်-အေ (A-level) ကာကွယ်စောင့်ရှောက်မှုအောက်တွင် ထားရှိပြီး ၎င်းဆင်များကို ယူနန်ပြည်နယ်၌ အများအားဖြင့် တွေ့ရှိနိုင်သည်။ အဆင့်တိုးမြှင့် ကာကွယ်ထားခြင်းကြောင့် ယင်းပြည်နယ်ရှိ တောရိုင်းဆင်အရေအတွက်မှာ ၃၀၀ ခန့် တိုးလာခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များက ၁၉၃ ကောင်ရှိရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ (Xinhua)

————————————
(English Version)
GLOBALink | China’s migrating elephant herd increasingly active
China’s famous herd of wandering elephants is showing increasing daily movement as it lingers in a particular spot of southwest China’s Yunnan Province, with its activities now starting earlier in the day, authorities said on Thursday.

The herd is still roaming within Shijie Township in the city of Yuxi and travelled 7.4 km southwest between 6 p.m. on Wednesday and 6 p.m. on Thursday, according to the headquarters in charge of monitoring their migration.

All 15 elephants are safe and sound.
The headquarters is working to establish a regular mechanism for ensuring the safety of the herd and people, while coordinating the allocation of relevant designated funds.

The herd traveled about 500 km from their forest home in the Xishuangbanna Dai Autonomous Prefecture before reaching Kunming, the provincial capital, late on June 2.

For over a month, authorities have sent police to escort the herd, evacuated roads to facilitate their passage, and used food to distract them from entering densely populated areas.

Asian elephants are primarily found in Yunnan and are under A-level state protection in China. Thanks to enhanced protection efforts, the wild elephant population in the province has grown to about 300, up from 193 in the 1980s.