Connect with us

Media

တရုတ်နိုင်ငံတွင် COVID-19 စစ်ဆေးရေး နမူနာများကို အလိုလျှောက် လွှဲပြောင်းစစ်ဆေးသည့် စနစ်ဖြင့် ပထမဆုံးအသုံးပြု

ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် COVID-19 စစ်ဆေးရေး နမူနာများကို အလိုအလျှောက် လွှဲပြောင်းစစ်ဆေးသည့် စနစ်ဖြင့် ပထမဆုံး အသုံးပြုဆောင်ရွက်လျက်ရှိသည်။

MGISTP-7000 ဟုအမည်ပေးထားသည့် ထိုစနစ်သည် COVID-19 ကပ်ရောဂါ ကာလအတွင်း နျူကလစ်အက်ဆစ် စစ်ဆေးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၌ ယင်း နမူနာများအလိုအလျောက်လွှဲပြောင်းစနစ်သုံးစွဲမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ထိုစနစ်မှာ မိနစ် ၄၀ အတွင်း မိုက်ခရို ပလိပ်ပြား ၉၆ ခုအတွင်း နမူနာပေါင်း ၁၉၂ ခုအထိ စုဆောင်းရယူနိုင်သည်။ ။

ထိုသို့ နမူနာလွှဲပြောင်းသိမ်းဆည်းသည့် စနစ်တစ်ခုလုံးတွင် လူသားများထိတွေ့လုပ်ဆောင်စရာ မလိုကြောင်းသိရသည်။

ထိုစနစ်အား အသုံးပြုကာ စစ်ဆေးမှုပြုလုပ်ရာတွင် အစအဆုံးကြာမြင့်ချိန်မှာ အချိန် ၄ နာရီခန့်သာရှိသည်။ (Xinhua)