ရှန်တုံ၊ အောက်တိုဘာ ၁၁ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းရှန်တုံတွင် ရှေးဟောင်း ဟန်လူမျိုးစုများ၏ရိုးရာအတိုင်း မင်္ဂလာ စုံတွဲ ၅၀ တွဲ က မင်္ဂလာပွဲများကို စုပေါင်းကျင်းပခဲ့ကြသည်။ရှေးဟောင်းယဉ်ကျေးမှုကို မပျောက်ပျက်စေရန်ထိမ်းသိမ်းသောအားဖြင့် ထိုသို့ပျော်ရွှင်စွာကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)
မကာအို၊ အောက်တိုဘာ ၁၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် မကာအိုသို့ ၃ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်တွင်မကာအို အထူး အုပ်ချုပ်ခွင့်ရဒေသသို့ အောက်တိုဘာလ ၁ဝရက်နေ့ကရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ်လီအား အထူး အုပ်ချုပ်ခွင့်ရ ဒေသ အမှုဆောင် အကြီးအကဲ ချွေ့စိုင်အွန် (Chui Sai On) နှင့် တာဝန်ရှိသူများကလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်လီသည် မကာအိုလေဆိပ်တွင်...
မကာအို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မကာအို အထူး အုပ်ချုပ်ခွင့်ရ ဒေသ (SAR) သို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁၀ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။ လီသည် မကာအို အထူး အုပ်ချုပ်ခွင့်ရ ဒေသ...
ကန်းစု၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်၏ သဘာဝအလှအပများကို ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသတွင်းခရီးသွားသူများမှာ ပြောစမှတ်ပြုကြရသည်။ ကြီးမားကျယ်ပြန့်သည့်သစ်တောအုပ်ကြီးနှင့်အတူ ဗုဒ္ဓဘာသာကိုးကွယ်သူတို့်ထုလုပ်ဖန်ဆင်းထားသည့်ပန်းပုရုပ်ထုများနှင့် အနီရောင်သဲကျောက်များ၊ကျောက်ဆောင်ကျောက်တောင်များက မြင်တွေ့ရသူများအဖို့အံ့အားသင့်ဖွယ်ဆွဲဆောင်နိုင်မှုကြောင့် ကန်းစုပြည်နယ်၏အလှအပများမှာကျော်ကြားသည်။ (Xinhua)
ကွမ်တုံ၊ အောက်တိုဘာ ၁၀ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်တွင် တိုင်လုံးများပေါ်တွင်တက်ကာကပြရသည့် ခြသေ့ၤအကပြိုင်ပွဲကိုကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များမှာ သတ်မှတ်ထားသည့်တိုင်လုံးများပေါ်တွင်ကျွမ်းကျင်စွာကပြဖျော်ဖြေကြရသည်။ အချို့တိုင်လုံးများမှာရေထဲတွင်ပင်စိုက်ထူထားသည်များလည်းရှိပြီး ထိုတိုင်လုံးများမှအောက်သို့ပြုတ်မကျစေရန်အထူးသတိပြုကပြဖျော်ဖြေပြိုင်ပွဲဝင်ရခြင်းဖြစ်သည်။ (Xinhua)
ချန်းရှ ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းချန်းရှမြို့တွင် တရုတ်ရိုးရာယဉ်ကျေးမှုနှင့်အနောက်တိုင်းနည်းပညာတို့ ပေါင်းစပ်တည်ဆောက်ထားသောမုန့်ကြိုးလိမ်တံတားကိုဖွင့်လှစ်ခဲ့သည်။ မြင်တွေ့နေကျပုံစံများနှင့်မတူပဲထူးခြားဆန်းပြားသည့်တံတားပုံစံကြောင့်စိတ်ဝင်စားသူများပြားခဲ့သည်။ (Xinhua)
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲတွင် ပြည်တွင်း အဓိက ပွဲစဉ်အဖြစ် မြန်မာစပါးကြီးမြွေဟု လူသိများသည့် အောင်လအန်ဆိုင်းသည် ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက်အား ပွဲချိန်ပြည့် ၃...
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၊ပေကျင်းမြို့လည်တွင် တရုတ်အမျိုးသားနေ့အားလပ်ရက်များအတွင်း ပိုးလမ်းမကြီး၏ရွှေရောင်တံတားကြီး ဟုအမည်တွင်သော ပန်းပုရုပ်တုကြီးကိုပြသခဲ့သည်။ ၂၈ မီတာရှည်သည့်အဆိုပါ တံတားကြီးကို တရုတ်နိုင်ငံ၏အထင်ကရ မဟာတံတိုင်းကြီးတွင် အသုံးပြုခဲ့သည့်အုတ်ချပ်များ၏အရွယ်အစားများအတိုင်း ရွှေရောင်အုတ်ချပ်ပေါင်း၂၀၀၀၀ တို့ကိုအသုံးပြုပြီးတည်ဆောက်ထားသည်။ တရုတ်လူမျိုးဗိသုကာပညာရှင် ရှုရောင်ဖန်တီးခဲ့သည့် တရုတ်နိုင်ငံအနောက်ပိုင်း၌ နှစ်ပေါင်း၁၄၀၀ သက်တမ်းရှိပြီးယနေ့ထက်တိုင်အသုံးပြုဆဲဖြစ်သောzhaozhou တံတားပုံစံကို အခြေခံပြီး ရွှေရောင်တံတားကြီးကိုဖန်တီးထားခြင်းဖြစ်သည်။...
တိဘက်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တိတ်ဆိတ်အေးချမ်းလှတဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ အံ့သြဖွယ်ခရီးသွားအတွေ့အကြုံများစွာရရှိနိုင်ပါတယ်။ တိဘက်မြို့တော် လာဆာမြို့မှတစ်ဆင့်အခြားသောခရိုင်များကိုဆက်လက်သွားလာနိုင်ပါတယ်။ ပန်ဒူအို(Pangduo) ရေအားလျှပ်စစ်စက်ရုံ၊ ရိတင်း(Reting) ဘုန်းတော်ကြီးကျောင်း၊ နာဂန်လာ (Nagenla) တောင်ကြား၊ နမ့်ဆို တောင်ပေါ်ရေအိုင် (Namtso) တို့က တိဘက်ဒေသရဲ့ထင်ရှားတဲ့သွားရောက်လည်ပတ်ရန်နေရာများဖြစ်ပါတယ်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) နိုင်ငံတကာ မယ်စကြာဝဠာ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်သည့် မယ်စကြာဝဠာ(မြန်မာ) ၂၀၁၇ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလှမယ် ၂၆ ဦး အနက် မယ်စကြာဝဠာ(မြန်မာ) သရဖူအား အလှမယ် ဇွန်သံစဉ်က ရရှိခဲ့သည်။ မယ်စကြာဝဠာ(မြန်မာ) ၂၀၁၇...