Connect with us

Videos

တရုတ်နိုင်ငံ ကုမ္ပဏီက အင်ဒိုနီးရှားနိုင်ငံ COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

ဂျကာတာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ရောဂါ တိုက်ဖျက်ရေးကူညီရန် တရုတ်ကုမ္ပဏီတစ်ခုက ကျန်းမာရေး အထောက်အကူပြု ကိရိယာများနှင့် တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံများကို လှူဒါန်းလွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား ရိုက်ကူးပြသထားသည့် ဗီဒီယိုဖိုင်ဖြစ်ပါသည်။

Guohua Electric Power ကုမ္ပဏီက အသက်ရှူစက် ငါးလုံး၊ ရောဂါအလျင်အမြန်စမ်းသပ်ကိရိယာ ၁,၀၀၀ ခု၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁၂၁,၀၀၀ ခု၊ N95 နှာခေါင်းစည်း ၃,၆၀၀ ခုနှင့် ကျန်းမာရေးသုံးလက်အိတ် ၁၅,၀၀၀ ခု အပါအဝင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ ရှိသော ပစ္စည်းများကို အင်ဒိုနီးရှားနိုင်ငံသို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။အဆိုပါ လှူဒါန်းပစ္စည်းများအား အင်ဒိုနီးရှားနိုင်ငံအတွင်း COVID-19 ရောဂါ ကုသမှုပေးနေသော အစိုးရဆေးရုံများထံ ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.